ဒီမိုကရေစီအတွက် အသိပညာ မြန်မာပြည်သည် အားလုံးပါဝင်နိုင်မှု၊ ဂျန်ဒါတန်းတူညီမျှမှု၊ မတူကွဲပြားမှုကို လေးစားတန်ဖိုးထားခြင်းနှင့် သာယာဝပြောမှုတို့ကို မြန်မာနိုင်ငံအတွင်း မြှင့်တင်ပေးနိုင်ရန်အတွက် လူငယ်မျိုးဆက်သစ်များကို ပျိုးထောင်ပံ့ပိုးပေးနေသည့် အဖွဲ့ဖြစ်သည်။
စစ်တပ်က ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရသစ်ကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုပြီးနောက် အားလုံးပါဝင်နိုင်သော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တွင် ဂျန်ဒါတန်းတူညီမျှမှုကို ရရှိနိုင်ရေးအတွက် အချက်အလက်အခြေပြု ပြည်သူ့ရေးရာမူဝါဒကို ဆက်လက်ပံ့ပိုးပေးလျှက်ရှိပါသည်။
အွန်လိုင်းသင်ခန်းစာများ၊ ပညာသင်ဆုများ နှင့် ဒီဂျစ်တယ်ရပ်ဝန်းများနှင့် စပ်လျဥ်း၍ သုတေသနပြုခြင်းတို့တွင် ကျွန်ုပ်တို့အနေဖြင့် ပြည်ပရောက်နေကြသည့် မြန်မာနိုင်ငံမှ မတူကွဲပြားသော ကျောင်းသားကျောင်းသူများနှင့် သုတေသီများ၊ သုတေသနအဖွဲ့များကို ထောက်ပံ့ ပေးလျှက်ရှိပါသည်။ ဂျန်ဒါတန်းတူညီမျှခြင်းနှင့် တန်းတူညီမျှမှုမရှိခြင်းများကို လျှော့ချနိုင်ရန် အတွက် ခိုင်လုံသောအချက်အလက်များ၏ အရေးပါပုံကို နားလည်သည့်အလျောက် ကျွန်ုပ်တို့ အဖွဲ့သည်
- လူထုအသိပညာ တိုးတက်ရေး၊ မြန်မာ့ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အကြား ဂျန်ဒါအစွဲကင်းသည့် မူဝါဒများကို ဆွေးနွေးနိုင်ရန်၊ ပထဝီ အနေအထားအရဖြစ်စေ၊ လူမျိုးအရဖြစ်စေ ကွဲပြားစုံလင်သည့် လူငယ်ခေါင်းဆောင် အများအပြားပါဝင်လာနိုင်ရန်။
- အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီစနစ်၊ ဂျန်ဒါ တန်းတူညီမျှရေး နှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးစသည်တို့အတွက် ဆောင်ရွက်နေကြသော မြန်မာပညာရှင်များနှင့် တက်ကြွ လှုပ်ရှားသူများ အထူးသဖြင့် အမျိုးသမီးများနှင့် လူနည်းစုတိုင်းရင်းသားများအတွက် ဆက်လက် အလုပ်လုပ်ကိုင်နိုင်ရန် လုံခြုံစိတ်ချရသော ရပ်ဝန်းတစ်ခုဖန်တီးပေးရန် နှင့်
- ဒီဂျစ်တယ် ဆက်သွယ်ရေး နှင့် ဒီမိုကရေစီမျှော်မှန်းချက်များ၊ ဒီဂျစ်တယ်ရပ်ဝန်းများတွင် တွေ့ရှိရသော ဂျန်ဒါကွာဟမှုများနှင့် မျှတမှုမရှိခြင်းတို့အကြား ဆက်နွယ်နေမှုကို လေ့လာ နေသည့် မြန်မာနှင့်နိုင်ငံတကာ ပညာရှင်များ၏ ဂျန်ဒါအခြေပြု သုတေသနများနှင့် သုံးသပ်မှု များကို ထောက်ပံ့သွားမည်ဖြစ်သည်။

ဒီမိုကရေစီအတွက် အသိပညာ မြန်မာပြည်သည် Global Affairs Canada နှင့် IDRC တို့က ၂၀၁၇ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။ ငါးနှစ်တာစီမံကိန်းဖြင့် ကနဦး စတင်ခဲ့သော လုပ်ငန်းစဥ်မှာ ဆယ်စုနှစ်များစွာ ရင်းနှီးမြှုပ်နှံမှုများမလုပ်ဘဲ လျစ်လျူရှုခံခဲ့ရသဖြင့် ပြည်သူ့ရေးရာမူဝါဒများအတွက် ခိုင်မာသောအကြံပြုချက်များ ပေါ်ထွက်လာစေနိုင်မည့် မြန်မာပြည်တွင်းရှိ စွမ်းဆောင်ရည်များယိုယွင်းခဲ့ရပြီးနောက် ပြည်တွင်းရှိ သုတေသနနှင့် လေ့လာဆန်းစစ်သုံးသပ်မှု စွမ်းဆောင်ရည်များကို ခိုင်မာအားကောင်းလာစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၂ ခုနှစ် ဇွန်လထဲတွင် ကြေညာခဲ့သည့် ကနေဒါ၏ မြန်မာပြည်ဆိုင်ရာမူဝါဒ တစ်စိတ်တပိုင်းအဖြစ် Global Affairs Canada မှ အသစ်ထပ်မံပြင်ဆင်ထားသော ထောက်ပံ့မှု နှင့် IDRC တို့၏ လေးနှစ်တာ စီမံကိန်းမှာ ကနဦး ဆောင်ရွက်ခဲ့သော အထက်ပါလုပ်ငန်းစဥ်အပေါ် အခြေပြုထားခြင်း ဖြစ်ကာ ဂျန်ဒါတန်းတူညီမျှမှုကို အဓိက အလေးပေး၍ မြန်မာ့အရပ်ဖက်အဖွဲ့အစည်းရပ်ဝန်းအတွင်း အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ပါသည်။
Global Affairs Canada ၏ ထောက်ပံ့မှုအကြောင်း အသေးစိတ်သိရှိရန် – Backgrounder: Canada announces development, peace and security projects for Bangladesh and Myanmar
ကျွန်ုပ်တို့သည် အနာဂတ်ဒီမိုကရေစီ မြန်မာနိုင်ငံသစ်အတွက် ဆွေးနွေးပြောဆိုမှုများတွင် ပါဝင်သည့် အသံများ တိုးမြင့်လာစေရန်အတွက် မြန်မာပြည်တွင်းနှင့် ပြည်ပရောက် မြန်မာ အင်အားစုများ အကြား ပါဝင်ပတ်သက်နေသူများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ထိတွေ့ဆက်ဆံမှုများကို ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။
ပိုမိုသိရှိနိုင်ရန် – Knowledge for Democracy – Myanmar ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်သလို myanmar@idrc.ca သို့လည်း ဆက်သွယ်နိုင်ပါသည်။
မြန်မာနိုင်ငံတွင်း IDRC ၏ လုပ်ငန်းစဥ်များအကြောင်း ပိုမိုသိရှိနိုင်ရန် – Learn more about IDRC’s work in Myanmar
K4DM မှ နောက်ဆုံးရ သတင်းအချက်အလက်များ
လူမှုကွန်ယက်တွင် K4DM ကို ရှာဖွေရန်
K4DM မှ နောက်ဆုံးတင်ထားသည့် အကြောင်းအရာများ
- ဒစ်ဂျစ်တယ်မြန်မာK-Pop အမာခံအားပေးသူအဖွဲ့များမှသည် ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများနှင့် မြေရှားသတ္တုလုပ်ငန်း များအထိ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်နယ်ပယ်သည် အသက်သွေးကြောသဖွယ် အထောက်အကူ ပြုမှုများနှင့်အတူ ထောင်ချောက်များကလည်း ယှဥ်တွဲတည်ရှိနေသည်။ ဒီမိုကရေစီအတွက် အသိပညာမြန်မာပြည် (K4DM) ၏ ထောက်ပံ့မှုဖြင့် သုတသနကို လုပ်ဆောင်ခဲ့သည့် သုတေသီများက အင်တာနက်ချိတ်ဆက်မှု၏ စွမ်းအားနှင့် ဘေးအန္တရာယ်များကို လေ့လာတွေ့ရှိခဲ့ပြီး တရားမျှတ၍ လုံခြုံ ဘေးကင်းကာ ဒီမိုကရက်တစ်စံနှုန်းများနှင့် ကိုက်ညီသော ဂေဟစနစ်တစ်ရပ်ကို ပုံဖော်နိုင်ရန် အကြံပြုချက်များမျှဝေခဲ့သည်။ https://k4dm.ca/2026/02/04/digital-myanmar/… Read more: ဒစ်ဂျစ်တယ်မြန်မာ
- အနာဂတ် ဒီမိုကရက်တစ်မြန်မာနိုင်ငံနှင့် လူ့အခွင့်အရေးအနာဂတ် ဒီမိုကရက်တစ်မြန်မာနိုင်ငံနှင့် လူ့အခွင့်အရေး နိုင်ငံခြား သတင်းထောက်များအသင်း (ထိုင်းနိုင်ငံ)တနင်္လာ၊ ဇူလိုင် ၇၊ ၂၀၂၅ညနေ ၅:၃၀ မှ ၇:၃၀ နာရီ Maneeya Center518/5 Ploenchit Road, Penthouse Floor(connected to the BTS Skytrain Chitlom station)Patumwan,… Read more: အနာဂတ် ဒီမိုကရက်တစ်မြန်မာနိုင်ငံနှင့် လူ့အခွင့်အရေး
- မြန်မာပြည်၏ ပျက်စီးသွားသော ရွေးကောက်ပွဲဆိုင်ရာ မျှတမှု – စစ်အာဏာသိမ်းပြီးနောက် အခြေအနေ – Kyoto Review of Southeast Asia ဤစာစောင်သည် ရွေးကောက်ပွဲဆိုင်ရာ မျှတမှုနှင့် စပ်လျဥ်း၍ Kyoto Review of Southeast Asia ၏ နောက်ဆုံးထုတ်ဖြစ်သည်။ ထိုစာစောင်မှာ အရှေ့တောင်အာရှအတွင်း နိုင်ငံရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာကိစ္စရပ်များကို လေ့လာသုံးသပ်ရာတွင် လူသိများသည့် အရင်းအမြစ်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် အဓိကထားသုံးသပ်ထားသည့် ဆောင်းပါးများထဲမှ တစ်ခုတွင် ကြားခံ နိုင်ငံရေးပါတီ… Read more: မြန်မာပြည်၏ ပျက်စီးသွားသော ရွေးကောက်ပွဲဆိုင်ရာ မျှတမှု – စစ်အာဏာသိမ်းပြီးနောက် အခြေအနေ – Kyoto Review of Southeast Asia
- အတားအဆီးများကို ဖြတ်ကျော်ခြင်း – အဆင့်မြင့်ပညာကိုသင်ယူနိုင်ရန်အတွက် ရိုဟင်ဂျာ ကျောင်းသား/ ကျောင်းသူများကိုထောက်ပံ့ဒီမိုကရေစီအတွက် အသိပညာမြန်မာပြည် (K4DM) မှ ရိုဟင်ဂျာကျောင်းသား/ကျောင်းသူ (၁၂)ဦးအတွက် ရေရှည်ပညာရေးထောက်ပံ့မှုပေးနိုင်ရန် ပါရမီတက္ကသိုလ်၏ ကြိုးပမ်းအားထုတ်မှုကို ထောက်ပံ့ပေးနေသည်။ ပါရမီတက္ကသိုလ်က ၎င်းတို့၏ ပညာသင်စရိတ်ကို ပေးထားပြီး ယခုအခါ နေ့စဥ်အသုံးစရိတ်အတွက် ရန်ပုံငွေရှာဖွေနေသည်။ K4DM အနေဖြင့် ကျောင်းသား/ကျောင်းသူများကို ပိုမိုထိရောက်စွာ ထောက်ပံ့မှု ပေးနိုင်ရန်အတွက် တစ်စုံတဦးမှ လှူဒါန်းမှုပြုသည့်အခါတိုင်းတွင်… Read more: အတားအဆီးများကို ဖြတ်ကျော်ခြင်း – အဆင့်မြင့်ပညာကိုသင်ယူနိုင်ရန်အတွက် ရိုဟင်ဂျာ ကျောင်းသား/ ကျောင်းသူများကိုထောက်ပံ့
- Greg Constantine ၏ Ek Khaale (တရံရောအခါက) ဓာတ်ပုံ ပရောဂျက် ၂၀၂၅ ခုနှစ်အတွက် Bertha Artivism Award ရရှိဒီမိုကရေစီအတွက် အသိပညာမြန်မာပြည် (K4DM) အနေဖြင့် Ek Khaale (တရံရောအခါက) ဓာတ်ပုံ ပရောဂျက်ဖြင့် Bertha Foundation ၏ ၂၀၂၅ ခုနှစ် Artivism Awards ကို ရရှိခဲ့သည့် Greg Constantine အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ Ek Khaale (တရံရောအခါက)… Read more: Greg Constantine ၏ Ek Khaale (တရံရောအခါက) ဓာတ်ပုံ ပရောဂျက် ၂၀၂၅ ခုနှစ်အတွက် Bertha Artivism Award ရရှိ
K4DM Annual Reports


















