ဒီမိုကရေစီအတွက် အသိပညာမြန်မာပြည် (K4DM) မှ ရိုဟင်ဂျာကျောင်းသား/ကျောင်းသူ (၁၂)ဦးအတွက် ရေရှည်ပညာရေးထောက်ပံ့မှုပေးနိုင်ရန် ပါရမီတက္ကသိုလ်၏ ကြိုးပမ်းအားထုတ်မှုကို ထောက်ပံ့ပေးနေသည်။ 

Credit: Parami University

ပါရမီတက္ကသိုလ်က ၎င်းတို့၏ ပညာသင်စရိတ်ကို ပေးထားပြီး ယခုအခါ နေ့စဥ်အသုံးစရိတ်အတွက် ရန်ပုံငွေရှာဖွေနေသည်။ K4DM အနေဖြင့် ကျောင်းသား/ကျောင်းသူများကို ပိုမိုထိရောက်စွာ ထောက်ပံ့မှု ပေးနိုင်ရန်အတွက် တစ်စုံတဦးမှ လှူဒါန်းမှုပြုသည့်အခါတိုင်းတွင် ထို ပမာဏနှင့်ကိုက်ညီသည့် လှူဒါန်းမှုကိုပြုလုပ်သွားမည် ဖြစ်သည်။ ပါရမီတက္ကသိုလ်က ကျောင်းသား/ကျောင်းသူ ၁၂ ဦး၏ တစ်နှစ်စာ နေထိုင်စရိတ်အတွက် ဒေါ်လာ ၂၁,၆၀၀ အထိရရှိရန် မျှော်မှန်းထားသည်။ ထိုပမာဏမှာ တစ်ဦးလျှင် တစ်လ ဒေါ်လာ ၁၅၀ နှုန်းဖြင့် တစ်နှစ်စာဖြစ်သည်။ ထိုပမာဏမှာ ၎င်းတို့အနေဖြင့် ကျောင်းဆက်လက်တက်ရောက်ကာ ပညာသင်ယူမှုကို အာရုံစိုက်ထားနိုင်ရန်အတွက် လိုအပ်သည့် အနည်းဆုံးပမာဏဖြစ်သည်။

လှူဒါန်းနိုင်မည့် ပမာဏများ

၂၅ ဒေါ်လာ – အွန်လိုင်းသင်ခန်းစာများသင်ယူနိုင်ရန်အတွက် တစ်လစာ အင်တာနက်အသုံးစရိတ်

ဒေါ်လာ ၅၀ – သင်ခန်းစာများအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများဝယ်ယူနိုင်ရန်

ဒေါ်လာ ၁၀၀ – ခက်ခဲသည့် အခြေအနေများ၌ နေရသော ကျောင်းသား/ကျောင်းသူ အတွက် အရေးပေါ် ကျန်းမာရေးစရိတ်

ဒေါ်လာ ၁၅၀ – ကျောင်းသား/ကျောင်းသူတစ်ဦး၏ တစ်လစာ နေထိုင်စရိတ် (အစားအသောက်နှင့် အခြေခံလိုအပ်သည့် ပစ္စည်းများ)

ဒေါ်လာ ၄၅၀ – သုံးလစာ နေထိုင်စရိတ် (နေ့စဥ်ရုန်းကန်လှုပ်ရှားနေစရာမလိုဘဲ ပညာသင်ယူမှုများ ကိုသာ အာရုံစိုက်နိုင်ရန်)

ဒေါ်လာ ၁၈၀၀ – ကျောင်းသား/ကျောင်းသူ တစ်ဦး၏ တစ်နှစ်စာ နေထိုင်စရိတ် အပြည့်အဝ ထောက်ပံ့ပေးခြင်း (ဘွဲ့ရသည်အထိ ဆုံးခန်းတိုင်အောင် ပညာသင်ယူနိုင်ရန်)

ပါရမီတက္ကသိုလ်၏ ရန်ပုံငွေရှာဖွေရေးစာမျက်နှာကို ကြည့်ရှုရန်

K4DM သည် ရိုဟင်ဂျာကျောင်းသား/ကျောင်းသူများ တက္ကသိုလ်တက်ရောက်ရန် ပြင်ဆင်ခြင်း အပါအဝင် အဆင့်မြင့်ပညာရေးကို သင်ယူနိုင်ရန်အတွက် ပါရမီတက္ကသိုလ်၊ အစိုးရနှင့် မသက်ဆိုင်သော မြန်မာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကူညီထောက်ပံ့မှုများပေးနေသည်။  ထို အစီအစဥ်မှာ ကျောင်းသား/ကျောင်းသူများ၏ အင်္ဂလိပ်စာနှင့်သင်္ချာအရည်အသွေးမြှင့်တင်ပေးခြင်း၊ ကွန်ပြူတာ အသုံးပြုသင်ကြားခွင့်ရခြင်း၊ အွန်လိုင်းသင်ခန်းစာများနှင့် အင်တာဗျုးများ တက်ရောက်နိုင်ခြင်းတို့ဖြင့် ထောက်ပံ့မှုပေးနေသည်။ တက္ကသိုလ်သို့ဝင်ခွင့်ရရှိပါက ကျောင်းသား/ကျောင်းသူများအနေဖြင့် နောက်ဆက်တွဲ အစီအစဥ်ဖြစ်သည့် လစဥ် ဆွေးနွေးခြင်း၊ သင်ကြားပြသခြင်း နှင့် လိုအပ်သည့် အသိပညာများကို ဖြည့်ဆည်းနိုင်ရန် ထပ်မံထောက်ပံ့မှုများပေးခြင်းတို့ကို ရရှိမည်ဖြစ်သည်။

ရိုဟင်ဂျာများ၏ ပညာရေးနှင့် သုတေသနများအတွက် K4DM ၏ ကူညီထောက်ပံ့မှုများကို ဖယ်ထုတ်ခံထားရသူများအတွက် အသိပညာ အစီအစဥ်တွင် ဝင်ရောက်လေ့လာနိုင်ရန်။