K4DM မှ ပညာရှင်များသည် မြန်မာနိုင်ငံမှ အင်ဒို-မြန်မာ နယ်စပ် နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ လူထု အသိုက်အဝန်းပေါ် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ သက်ရောက်မှုများနှင့် စပ်လျဥ်းသည့် ၎င်းတို့၏ သုတေသနပြုချက်ကို ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ (GDC) တွင် တင်ပြမည်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ (GDC) ကို လာမည့် နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖီဂျီနိုင်ငံ၊ ဆူဗာမြို့တွင် “ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ – စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သောအနာဂတ်အတွက် ရာသီဥတုကို ကြံ့ကြံ့ခံနိုင်မည့် မဟာဗျုဟာများ” ခေါင်းစဥ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ညီလာခံကို ဖီဂျီအစိုးရနှင့် တောင်ဖစိဖိတက္ကသိုလ်တို့က ပူးပေါင်း ကျင်းပခြင်းဖြစ်သည်။

English version
version française

ရေကြီးမှုမရှိလျှင် ထူးခြားအံ့ဖွယ်မှုဖြစ်စဥ်လည်းမရှိ

ခေတ်အဆက်ဆက် နှစ်စဥ်နှစ်တိုင်း မုတ်သုန်ကာလ၌ မြေနုကျွန်းများနှင့် အနီးတဝိုက်နေရာများတွင် ရေကြီးရေလျှံမှုဖြစ်ပွားခြင်းမှာ ဧရာဝတီမြစ်ရိုးတလျှောက်ရှိ လယ်ယာလုပ်ငန်း လုပ်ကိုင်သူ မြန်မာလူထုအသိုက်အဝန်းအတွက်  အထောက်အပံ့ဖြစ်စေရန် သဘာဝတရားက ဖန်တီးပေးထားသည့် မှော်ဆန်သောဖြစ်စဥ်တစ်ခုဖြစ်သည်။ မြစ်သည် ဘဝများကို သယ်ဆောင်လာပေးသည်။ မြစ်ညာပိုင်းမှ အာဟာရကြွယ်ဝသော နုန်း အနည်အနှစ်များမှာ မြေပေါ်တင်ကျန်ခဲ့ပြီးနောက် မြေသြဇာကောင်းသော မြေဆီလွှာအဖြစ် ပြန်လည်ဖြစ်ထွန်းလာသည်။ ခြေတံရှည်အိမ်များဖြင့်နေကြသည့် ရပ်ရွာလူထုသည် ရေတက်လာမည်ကို ကြောက်ရွံ့မနေကြဘဲ နှစ်စဥ်ရေကြီးမည့်အချိန်ကို စိတ်အားထက်သန်စွာ မျှော်လင့် နေကြသည်။ ထိုကဲ့သို့သော ဘဝနေထိုင်မှုသည် လူထု အသိုက်အဝန်းကို ရေရှည်တည်တံ့စေပြီး ပေါများကြွယ်ဝသော ကောက်ပဲသီးနှံများထွက်ရှိစေသည့်အပြင် နုန်းတင် မြေနု စိုက်ပျိုးရေးပုံစံ ကိုလည်းပုံဖော်ပေးသည်။

သို့သော်လည်း ၂၀၁၅ ခုနှစ်မှစ၍ ရေကြီးမှုမှာ ဖြစ်မလာတော့ပေ။ ထိုမမျှော်လင့်သော အပြောင်းအလဲက လူထုအသိုက်အဝန်းအတွက် ရာသီဥတုပြောင်းလဲမှုကို ပထမဆုံးမျက်မြင်ကိုယ်တွေ့ကြုံရခြင်း ဖြစ်လာသည်။ ရေကြီးမှုမှတင်ကျန်ခဲ့သော နုန်းမြေများမရှိသည့်အခါ တချိန်က မြေဆီမြေသြဇာကြွယ်ဝ ခဲ့သည့် မြေသည် မဖြစ်ထွန်းတော့ဘဲ ဖြစ်လာသည်။ အထွက်နှုန်းကို ထိန်းထားလိုသည့် တောင်သူများက စျေးကြီးသည့် မြေသြဇာများ၊ ဓာတုပစ္စည်းများကို ငွေချေးငှား၍ ဝယ်ယူပြီး အသုံးပြုသည့်တိုင်အောင် သီးနှံအထွက်မှာ ကျမြဲကျဆဲပင်ဖြစ်ကာ အကြွေးသာတင်ကျန်ခဲ့တော့သည်။ လူအများအပြားက လယ်ယာလုပ်ငန်းကို စွန့်ခွာခဲ့ပြီး ကျပန်းအလုပ်များကို အခြားနေရာများတွင်လုပ်ကိုင်ကြပြီး တခါတရံ တွင် အန္တရာယ်များသော အခြေအနေများ၌ လုပ်ကိုင်ကြရသည်။ ဂေဟစနစ်မှာ ပျက်စီးယိုယွင်း လာသည့်အခါ နောက်ဆက်တွဲအကျိုးဆက်များမှာ အလွန်ကြီးမားလာသည်။ ဤမှော်ဆန်သည့် သဘာဝ ဖြစ်စဥ်၏ အဆုံးသတ်ကို မျက်မြင်တွေ့နေရသည့်အခါ ကျွန်ုပ်တို့မှာ ဂေဟစနစ်နှင့် ကျွန်ုပ်တို့၏ နက်ရှိုင်းသော ဆက်နွယ်မှုကို သတိထားမိရန်လိုအပ်လာပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကြားမှာပင် ထိုစနစ်များကို ထိန်းသိမ်းရန် အရေးတကြီးလိုအပ်လာသည်။


ဇာခြည်ဦး

ဇာခြည်ဦး
ချင်းမိုင်၊​ ထိုင်းနိုင်ငံ။

မဇာခြည်ဦးသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်ရှိ လူမှုသိပ္ပံနှင့်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဒေသတွင်းစင်တာ (RCSD) တွင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပညာရပ်ကို အထူးပြု လေ့လာခဲ့သည့် လူမှုရေးသိပ္ပံဘွဲ့ရတစ်ဦးဖြစ်သည်။​ ၎င်း၏ ဘွဲ့ယူစာတမ်းသည် ဧရာဝတီမြစ်လယ်ရှိ ကျွန်းပေါ်တွင် မြေနုကျွန်းစိုက်ပျိုးရေးလုပ်ကိုင်ကာနေထိုင်ကြသည့် လူမှုအသိုက်အဝန်း၏ ဘဝနေထိုင်မှု များကို လေ့လာထားခြင်းဖြစ်သည်။ မြန်မာပြည် အလယ်ပိုင်း အပူပိုင်းဒေသ၏ နုန်းတင်မြေနု စိုက်ပျိုးရေးပတ်ဝန်းကျင်တွင် ကာလရှည်ကြာစွာထွန်းကားခဲ့သော ၎င်းတို့၏ ဘဝနေထိုင်မှုများနှင့် တမူထူးသည့် လယ်ယာစိုက်ပျိုးမှု အလေ့အထများကို သုတေသနပြုလေ့လာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အမြဲတစေပြောင်းလဲနေသည့် မြစ်ကြောင်းတလျှောက် အဆိုပါ လူမှုအသိုက်အဝန်း ရင်ဆိုင်နေရသည့် လယ်ယာ စိုက်ပျိုးရေးပြောင်းလဲမှုများနှင့် မြေယာပြဿနာများကိုလည်း စာတမ်းထဲတွင် ဖော်ပြ ထားသည်။ တချိန်က မြစ်ရေစီးချက်ဖြင့် လိုက်လျောညီထွေစွာ နေထိုင်ကြသည့် လူမှုအသိုက်အဝန်း အနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့်လယ်ယာစိုက်ပျိုးရေးပြောင်းလဲမှုများကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းနေကြပုံကိုလည်း စာတမ်းထဲ၌ မီးမောင်းထိုးပြထားသည်။ ၎င်း၏ သုတေသနကို ချင်းမိုင်တက္ကသိုလ်ရှိ လူမှုသိပ္ပံနှင့်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဒေသတွင်းစင်တာ (RCSD) က ထုတ်ဝေသည့် “မြန်မာပြည်၏ သုံးထပ်ကွမ်း အကြပ်အတည်း – အာဏာသိမ်းမှု၊ ကိုဗစ်နှင့် ရာသီဥတုပြောင်းလဲမှု” စာအုပ်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။


မဇာခြည်ဦး၏ စာတမ်းကို ဖတ်ရှုရန် – “မြေယာပြောင်းလဲမှုများအတွင်း ပြောင်းလဲရမှုများ – မြန်မာပြည်အလယ်ပိုင်း ဧရာဝတီမြစ်တွင်းနေထိုင်ကြသည့် မြေနုကျွန်းစိုက်ပျိုးရေး လူထုအသိုက်အဝန်း” Triple Crisis in Myanmar: Coup, Covid, and Climate Change

GDN ညီလာခံတွင် တင်ပြမည့် မဇာခြည်ဦး၏ စာတမ်း

မဇာခြည်ဦးနှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်တို့က Korea-Mekong ဗီဒီယိုပြိုင်ပွဲအတွက် တွဲဖက်ရိုက်ကူး ထားသည့် The Lost Floods ဗီဒိယိုကို ကြည့်ရှုရန် @ALLUVIAPROJECT on YouTube.


ဘိုးစဥ်ဘောင်ဆက် ဂေဟအသိပညာကို ကာကွယ်စောင့်ရှောက်ခြင်း

ကမ္ဘာပေါ်တွင် ဇီဝဗေဒနှင့်ယဥ်ကျေးမှု ကွဲပြားစုံလင်စွာအရှိဆုံး ဒေသများဖြစ်သည့် အင်ဒို-မြန်မာ နယ်စပ်တလျှောက်၌ ရာသီဥတုပြောင်းလဲမှုသည် ရိုးရာနေထိုင်မှုဘဝပုံစံများကို စိန်ခေါ်မှုများ ဖြစ်ပေါ် စေသည်။ နာဂဒေသရှိ Highland Institute မှ မြေကမ္ဘာစောင့်ရှောက်သူများအဖွဲ့က ဒေသခံ လူထုများနှင့် ပူးပေါင်းကာ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသနကို အထောက်အပံ့ ဖြစ်စေရန်အတွက် ဌာနေတိုင်းရင်းသားများ၏ ဂေဟအသိပညာနှင့် ရာသီဥတုပြောင်းလဲခြင်း အပေါ် သဘောထားအမြင်များအား မှတ်တမ်းတင်နေကြသည်။ ကနဦးတွေ့ရှိမှုများအရ ရွာခံများသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို သတိမမူမိကြဘဲ ရာသီဥတုပြောင်းလဲမှုမှာ လမ်းဖောက်ခြင်း သို့ မဟုတ် အိမ်ခေါင်မိုးအသစ်လဲလိုက်ခြင်းကြောင့်ဟုသာ ထင်မြင်ကြသည်။ သစ်တောပြုန်းမှု အကြီးအကျယ်ဖြစ်နေပြီး ရွာသားများက သစ်ပင်နည်းလာခြင်းကြောင့် မိုးလည်းနည်းလာကြသည်ကို သတိပြုမိကြသည်။ လူဦးရေတိုးပွားလာမှုနှင့် ခရစ်ယာန်ဘာသာကိုးကွယ်မှုပိုများလာခြင်းတို့ကြောင့် သစ်ပင်များ နှင့် သစ်တောအုပ်များမှာ ဝိညာဥ်များနေထိုင်သောကြောင့် ကာကွယ်စောင့်ရှောက်ရမည် ဟူသည့် ရိုးရာယုံကြည်မှုအလေ့အထများကို လျော့ကျလာစေသည်။ အချို့သော ရိုးရာစိုက်ပျိုးမှု ပုံစံများမှာ အောင်မြင်မှုမရှိဘဲဖြစ်နေသည်။ စိုက်ပျိုးရေးစက်ဝန်းကို စီမံနိုင်ရန်အတွက် ရွာသားများသည် သတ်မှတ်ထားသည့် တောင်ထွတ်များမှ နေထွက်သည့်ပုံစံကို ကြည့်၍ မှန်းဆလေ့ရှိကြသော်လည်း ရာသီဥတုမှာ ခန့်မှန်းရခက်လာသည့်အခါ ထိုနည်းလမ်းမှာလည်း အလုပ်မဖြစ်တော့ပေ။ ကျန်းမာရေး စောင့်ရှောက်မှုတွင် ဒေသတွင်းရှိ ၃၀ ရာခိုင်နှုန်းသောလူထုမှာ ဌာနေတိုင်းရင်းသား ဆေးဆရာများကို အားထားနေကြဆဲဖြစ်သော်လည်း ဆေးဖက်ဝင်သစ်ဥသစ်ဖုများမှာ ရှာဖွေရန်ခက်ခဲလာသည်။

ဓာတ်ပုံ – Highland Institute မှ သုတေသီများ (Kevisezo Khezie, Saktum Wonti)


Saktum Wonti

Saktum Wonti
The Highland Institute, India

Saktum Wonti သည် မြေကမ္ဘာစောင့်ရှောက်သူတစ်ဦးဖြစ်သည်။ နာဂပြည် Highland Institute ရှိ ၎င်းနှင့် လုပ်ဖော်ကိုင်ဖက်များသည် အင်ဒို-မြန်မာ နယ်စပ်တလျှောက်ရှိ လူမျိုးစုအသိုက်အဝန်းများ၏ ရိုးရာဂေဟအသိပညာနှင့် ၎င်းတို့အပေါ် ရာသီဥတုပြောင်းလဲမှုက သက်ရောက်ပုံကို မှတ်တမ်းတင် နေကြသည်။ ၎င်းတို့၏ မှတ်တမ်းတင်မှုသည် လူမျိုးစုအသိုက်အဝန်းများ ရင်ဆိုင်နေရသည့် ကိစ္စရပ်များ ကို လက်တွေ့ကွင်းဆင်းလေ့လာထားခြင်းဖြစ်သည်။ မနုဿဗေဒပညာဖြင့် မာစတာဘွဲ့ရထားပြီး လူမျိုးစုမှ ဆင်းသက်လာသူတစ်ဦးလည်းဖြစ်သည့် Saktum သည် ၎င်း၏ သုတေသနထဲသို့  ရင်းနှီးသည့် ကိုယ်တွေ့ဆက်နွယ်မှုကိုပါ ယူဆောင်လာပေးသည်။ “ကျွန်မရဲ့ မူလ အသိုက်အဝန်းက ဒီနယ်စပ်ဒေသ တဝိုက်မှာ နေထိုင်ကြတဲ့ လူမျိုးစုတွေထဲက တစ်ခုဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။ “သူတို့တွေက ဒီနယ်မြေနဲ့ ဆက်စပ်နေတဲ့ နာဂယဥ်ကျေးမှုတွေကို ထိခိုက်စေပြီး၊ ဒေသခံ ရွာတွေ၊ မိသားစုတွေကို ခွဲခြား ပစ်လိုက်တဲ့ နိုင်ငံတကာနယ်စပ်မျဥ်းကနေဖြစ်ပေါ်လာတဲ့ အခက်အခဲစိန်ခေါ်မှုတွေကို ရင်ဆိုင် နေကြရပါတယ်။” ဥပမာအားဖြင့် ထိုဒေသတွင် ခိုင်မ်နီယန် ကျေးရွာပေါင်း ၂၀၀ ခန့်ရှိပြီး ထိုအထဲမှ ရွာ ၅၀ မှာ အိန္ဒိယနိုင်ငံတွင်ရှိပြီး အခြားရွာ ၁၅၀ မှာ မြန်မာနိုင်ငံတွင်ရှိသည်။ အချို့အတွက်မူ နေထိုင်ရာ အိမ်များမှာ အိန္ဒိယနိုင်ငံထဲတွင်ရှိသော်လည်း ဘိုးစဥ်ဘောင်ဆက်လုပ်ကိုင်လာသည့် လယ်ယာများမှာမူ မြန်မာနိုင်ငံထဲတွင်ရှိသည်။ ၁၈၂၆ ခုနှစ် ဗြိတိသျှအုပ်ချုပ်စဥ်က ပိုင်းခြားခဲ့သည့် နယ်စပ်မျဥ်းသည် လူမျိုးစုခေါင်းဆောင်များနှင့် တိုင်ပင်ခြင်းမရှိဘဲ အတင်းအကြပ်ပိုင်းခြားခဲ့ခြင်းသာဖြစ်သည်။ ဘိုးစဥ် ဘောင်ဆက် လူမျိုးစုနယ်မြေများအတွင်း လွတ်လပ်စွာသွားလာခွင့်ကို ကန့်သတ်လိုက်ခြင်း ကြောင့် နယ်မြေနှင့် ယဥ်ကျေးမှုတည်တံ့အောင် ထိန်းသိမ်းရေးအတွက် ရုန်းကန်နေကြရသည်။ ကျေးရွာ အတော် များများမှာ လမ်းပန်းဆက်သွယ်ရေးမရှိခြင်းနှင့် အခြေခံလိုအပ်ချက်များဖြစ်သည့် စျေး၊ ကျန်းမာရေး စောင့်ရှောက်မှုတို့လည်း မရကြဘဲ​ ဒေသခံများအနေဖြင့် အစားအသောက်ဝယ်ရန်၊ ဆေးဝါးကုသမှု ရရှိရန်တို့အတွက် ရက်ပေါင်းများစွာ ခြေလျင်သွားကြရသည်။ Saktum နှင့် Highland Institute တို့က ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ သက်ရောက်မှုများကို ကိုင်တွယ်နိုင်ရန်လည်း ကူညီပေးနေကြသည်။ ထို့ပြင် ၂၀၅၀ ခုနှစ်တွင် ရရှိလာရန်မျှော်မှန်းထားသည့် ပါဝင်ပစ္စည်းများဖြင့် ရိုးရာ အစားအသောက် များတွင် လက်ရှိသုံးစွဲနေသည့် ပါဝင်ပစ္စည်းများကို အစားထိုးနိုင်ရန်လည်း လုပ်ကိုင်နေကြသည်။ ထိုလုပ်ငန်းစဥ်ထဲတွင် ချက်ပြုတ်မှုနည်းလမ်းများနှင့် ချင့်ချိန်စားသောက်မှုပုံစံများကို ပြန်လည် သုံးသပ်နေပြီး တချိန်တည်းမှာပင် နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်းကာ ဟိမဝန္တာဒေသ၊ အာတိတ် နှင့် အမေဇုန်ကဲ့သို့သော အဓိကအရေးပါသည့် ဒေသများပေါ် သက်ရောက်မှုများကိုလည်း လေ့လာ နေသည်။ မတူကွဲပြားသည့်နောက်ခံမှလာသော အမျိုးသမီးများကို စွမ်းဆောင်ရည်မြှင့်ပေးခြင်း၊ ရာသီဥတုဒဏ်ခံနိုင်သော ကောက်ပဲသီးနှံများ ပြန်လည်ဖော်ထုတ်ခြင်း၊ အခြားမတူညီသော ဒေသများမှ မျိုးစေ့များဖလှယ်ခြင်းဖြင့် မတူကွဲပြားသည့် သစ်ပင်မျိုးကွဲများကို ထိန်းသိမ်းခြင်းနှင့် ဌာနေ တိုင်းရင်းသားများ၏ ရိုးရာအသိပညာများ မျှဝေခြင်းစသည့် လှုပ်ရှားမှုများပါဝင်သည့် ဇီဝမျိုးစုံမျိုးကွဲ ပွဲတော်ကဲ့သို့သော ပွဲမျိုးတွင်လည်း ၎င်းတို့က ပါဝင်ကြသည်။

“မြန်မာနိုင်ငံအသစ်ကို ပုံဖော်နေသည့် အသိအမြင်များ”  Visionaries shaping a new Myanmar စာတမ်းကို Asia Research News မဂ္ဂဇင်း တွင် ဖတ်ရှုနိုင်ပါသည်။


GDN ညီလာခံတွင် တင်ပြမည့် Saktum Wonti ဦး၏ စာတမ်း


ကြံ့ကြံ့ခံနိုင်မှုလှိုင်းများ – ရာသီဥတုပြောင်းလဲမှုကို တွန်းလှန်နေသည့် လူမှုအသိုက်အဝန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊​ Chittagong မြို့ရှိ Kutubdia Upazila ကျွန်းမှ တံငါသည်များသည် အခက်အဲ ဒုက္ခအဖုံဖုံများကြားမှပင် ဘဝကို ရှေ့ဆက်နေကြသည်။ အရုဏ်တက်ချိန်တိုင်းတွင် ၎င်းတို့ စတင် ရွက်လွှင့်ကြသည်။ အသားအရေများမှာ ဆားငွေ့ပါသည့် လေကြမ်း၏ တိုးဝှေ့မှုကြောင့် မွဲခြောက်ခြောက် ဖြစ်နေပြီး နေလောင်ရာများ၊ အမာရွတ်များဖြင့် ပြည့်နှက်နေကြသည်။ အသက်ကယ် အင်္ကျီများ၊ ခေတ်မီနည်းပညာများမပါဘဲ သစ်သားလှေတစ်စင်းဖြင့်သာ မာယာများသည့် ပင်လယ်ပြင် တွင် ရွက်လွှင့်ပြီး မိသားစုအတွက် ငါးဖမ်းရန် စွန့်စွန့်စားစားလုပ်ကိုင်ကြရသည်။ ဆိုင်ကလုန်းမုန်တိုင်း များနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားသည့်အခါ ၎င်းတို့၏ အိမ်များမှာ တစစီဖြစ်သွားရပြီး ရာသီဥတု ဒဏ် ကြောင့် ထိခိုက်လွယ်ပုံကို မြင်သာနိုင်သည်။ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာသည်နှင့်အမျှ ၎င်းတို့၏ ရုန်းကန်ရမှုမှာလည်း ပိုဆိုးရွားလာပြီး မည်သည့်ထောက်ပံ့မှုမျိုး၊ သင်တန်းမျိုး၊ သို့မဟုတ် မိမိကိုယ်ကိုကာကွယ်နိုင်ရန်အတွက် သတိပေးစနစ်မျိုးကို မရရှိကြဘဲဖြစ်နေသည်။ Chittagong မြို့သို့ သွားရသည့်ခရီးမှာ တံတားလည်းမရှိဘဲ အလုပ်လုပ်ရန် သို့မဟုတ် ဆေးကုသရန်အတွက် လှိုင်းထန်သော ရေပြင်ကို ဖြတ်သန်းသွားရကာ ခက်ခဲပြီး အလွန်အန္တရာယ်များသည်။ အခြေခံ အဆောက်အအုံများဖြစ်သည့် မြေပြင်သယ်ယူပို့ဆောင်ရေးနှင့် ငါးသိုလှောင်ရုံများမှာလည်း မရှိသည့် အတွက် ၎င်းတို့ ဖမ်းမိလာသောငါးများကို ရောင်းချရန်အတွက် ပုံမှန်မရှိသည့် လှေခရီးစဥ်များကိုသာ အားထားနေရသည်။ ဤစာတမ်းမှာ ရုန်းကန်ရမှုအကြောင်းကို ဖော်ပြထားသည်သာမဟုတ် အပြောင်းအလဲကို ဖော်ဆောင်နိုင်ရန် တောင်းဆိုထားခြင်းလည်းဖြစ်သည်။ Kutubdia မှ တံငါသည်များ မှာ ရေရှည်တည်တံ့သော ငါးဖမ်းနည်းများ၊ ပိုမိုကောင်းမွန်သော အရင်းအမြစ်များ ကို ရရှိသင့်သည့် တိုင်အောင် ၎င်းတို့ပေါ်ရှိနေသည့် ဝန်ထုပ်ဝန်ပိုးမှာ ၎င်းတို့ချည်းရင်ဆိုင်ရန် ကြီးမားလွန်းလှသည် ဟု Ms Sadia Salim က ဆိုထားသည်။​

ဓာတ်ပုံ – Ms. Sadia Salim, Community Development Officer, 3CEH, AUW.


Md Akib Jabed at K4DM’s 2024 Knowledge Marketplace in Chiang Mai, Thailand.

Md.Akib Jabed
Center for Climate Change and Environmental Health, Asian University for Women, Bangladesh

Md. Akib Jabed သည် at Asian University for Women’s Center for Climate Change and Environmental Health (3CEH) မှ သုတေသနနှင့် စွမ်းဆောင်ရည် ဖွံ့ဖြိုးရေးဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်သူတစ်ဦးဖြစ်သည်။ Mr Jabed မှာ University of Chittagong နှင့် Erasmus University Rotterdam တို့မှ မာစတာဘွဲ့များကို ရရှိထားသူဖြစ်သည်။ ၎င်းမှာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သက်ရောက်မှုများ၊ မြို့ပြ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ၊​ သဘာဝအခြေပြု အဖြေရှာမှု နည်းလမ်းများ၊​ ပြည်သူ့ ကျန်းမာရေး နှင့် ရေအရင်းအမြစ်စီမံခန့်ခွဲရေး ကိစ္စများကို အဓိက လေ့လာ သုတေသနပြုသူဖြစ်သည်။ 3CEH တွင် သုတေသနပညာရှင်များမှာ အာရှတိုက်အတွင်း ရာသီဥတု ပြောင်းလဲခြင်း၏ ခြိမ်းခြောက်မှုများ အထူးသဖြင့် ဝင်ငွေအလယ်အလတ် နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများအမှ အမျိုးသမီး သုတေသနပညာရှင်များကို စွမ်းဆောင်ရည်ပေးနိုင်ရန် အလေးထား ဆောင်ရွက်လျက်ရှိသည်။


3CEH, AUW မှ Research Assistant (Academic) Ms.Tahiya Tasnim ဖန်တီးထားသည့် ဗီဒီယိုကို ကြည့်ရှုရန်


Cox’s Bazar ရှိ ဒုက္ခသည် တစ်သန်းခန့် နေထိုင်ရာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တွင် လေ့လာထားသည့် သုတေသနများနှင့် Voice of Resilience သတင်းလွှာ ကို ဖတ်ရှုရန် Voices of Resilience newsletter


ညီလာခံနှင့် ပတ်သက်သည့် အချက်အလက်များကို ပိုမို သိရှိနိုင်ရန် – https://www.gdn.int/global-development-conference-2024