IHRDG မှ အသိပညာမျှဝေသည့်ဗဟိုချက်တစ်ခုဖော်ဆောင်ရန် ရည်ရွယ်၍ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို သြဂုတ်လ ၃ ရက်နေ့ ၊မြန်မာစံတော်ချိန် ည(၇) နာရီ တွင် “Revisiting the Polity: Making and Remaking of the Rohingya Identity in Myanmar” ခေါင်းစဉ်ဖြင့် ပြုလုပ်သွားဖို့ ရှိပါသည်။

Date: August 3, 2023 Time: 7 PM (Myanmar time)
Facebook event: https://fb.me/e/OC3RK2qW
Registration:  https://us06web.zoom.us/…/reg…/WN_8ExlaT1CTdGFJgcmFkAa3g

မြန်မာ့ အမျိုးသားနိုင်ငံရေးလက္ခဏာသည် တိုင်းပြည်အတွင်းရှိ မြောက်မြားစွာသော လူမျိုးစုအသိုက်အဝန်းများနှင့် ရှုပ်ထွေးစွာ ဆက်စပ်လျက်ရှိသည်။အဆိုပါ လုပ်ငန်းစဉ်များတွင် တိုင်းပြည် အာဏာပိုင်များသည် လူနည်းစုများ၏ ပါဝင်တည်ရှိမှုများ အထူးသဖြင့် ရိုဟင်ဂျာအသိုက်အဝန်းနှင့် ၎င်းတို့၏ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဇာတိဖြစ်ကြောင်း ပြောဆိုချက်များကို အသေအချာ ငြင်းဆိုထားသည်။

သည်လိုနှင့် စစ်တပ်မှ နိုင်ငံရေးအခန်းကဏ္ဍသို့ စတင်ဝင်ရောက်လာချိန်မှစ၍ ရိုဟင်ဂျာအသိုက်အဝန်း အပေါ် ကျူးလွန်ခဲ့သည့် အဖွဲ့အစည်းဆိုင်ရာ မညီမျှမှုနှင့် အကြမ်းဖက်မှုများအား တစ်ကမ္ဘာလုံးက အာရုံစိုက်လာခဲ့ပြီး မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နိုင်ငံတကာတရားရုံး (ICJ) တွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွဲချက်တင်မှုများ ဖြစ်ပွါးခဲ့သည်။

ဤဆွေးနွေးပွဲသည် အဆိုပါ အသိအမှတ်ပြုမခံရသေးသော ရိုဟင်ဂျာအသိုက်အဝန်းတစ်ခုလုံး၏ အမျိုးသားရေးလက္ခဏာကို ပြန်လည်လေ့လာသွားမည် ဖြစ်သည်။အထူးသဖြင့် နောက်ခံ ဒေသ၏သမိုင်းကြောင်းနှင့် အာဏာရှင်အစိုးရအဆက်ဆက်၏ နိုင်ငံရေးဝိသေသများအား ပုံဖော်ဆောင်ရွက်ခဲ့ပုံများကို အလေးပေးကာ အမျိုးသားရေးလက္ခဏာ ကိစ္စရပ်များကို ချဉ်းကပ် ဆန်းစစ်သွားမည်ဖြစ်သည်။

ထို့အပြင် ရှေးရိုးမူလအထိုင်ယူဆချက်ဆိုင်ရာ ဝါဒ နှင့် တည်ဆောက်ပြုပြင်ခြင်းသဘောမှရှုမြင်သောဝါဒ နှစ်မျိုးလုံးနှင့် ဆက်စပ်ကာ နိုင်ငံတော်တည်ဆောက်မှု ဖြစ်စဉ်အတွင်း “ငါနှင့်မတူ ငါ့ရန်သူ” သဖွယ် သမိုင်းဆိုင်ရာ ချုပ်ကိုင် ခြယ်လှယ်မှုများ မည်သို့ဖန်တီးခဲ့သည်ကို ဆွေးနွေးသွားမည်ဖြစ်သည်။

ဟောပြောမည့်ပညာရှင်

ဒေါက်တာ Kazi Fahmida Farzana သည် UAE ရှိ Sharjah (UOS) တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးပညာ လက်ထောက်ပါမောက္ခဖြစ်သည်။ South Asian Studies ဆိုင်ရာ Ph.D ဘွဲ့ကို ပြီးဆုံးအောင်မြင်ထားပြီး University Utara Malaysia တွင် အလုပ်လုပ်ခဲ့သည်။

သူမ၏ Journal of Muslim Minority Affairs, Studies in Ethnicity and Nationalism, Austrian Journal of South-East Asian Studies, Intellectual Discourse, South Asian Journal of Business and Management Cases, Singapore Journal of Tropical Geography တိို့ကဲ့သို့ ဂျာနယ်များသည် အထူးထင်ရှားပြီး Cambridge University Press မှထုတ်ဝေမှုများအဖြစ် ISEAS Publishing (Singapore) နှင့် Routledge တို့လည်း ပါဝင်သည်။ထို့အပြင် သူမ၏ ပထမဆုံးစာအုပ်ဖြစ်သော Memories of Burmese Rohingya Refugees: Contested Identity and Belonging ဆိုတဲ့ စာအုပ်ကို Palgrave Macmillan က ၂၀၁၇ ခုနှစ်မှာ ထုတ်ဝေခဲ့သည်။

တတ်ရောက်ရန် စိတ်ဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါ Link မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်။

စာရင်းသွင်းရန် Link: https://us06web.zoom.us/…/reg…/WN_8ExlaT1CTdGFJgcmFkAa3g