ဒီမိုကရေစီအတွက် အသိပညာ မြန်မာပြည်

K4DM အကြောင်း

ဒီမိုကရေစီအတွက် အသိပညာ မြန်မာပြည်သည် အားလုံးပါဝင်နိုင်မှု၊ ဂျန်ဒါတန်းတူညီမျှမှု၊ မတူကွဲပြားမှုကို လေးစားတန်ဖိုးထားခြင်းနှင့် သာယာဝပြောမှုတို့ကို မြန်မာနိုင်ငံအတွင်း မြှင့်တင်ပေးနိုင်ရန်အတွက် လူငယ်မျိုးဆက်သစ်များကို ပျိုးထောင်ပံ့ပိုးပေးနေသည့် အဖွဲ့ဖြစ်သည်။ 

စစ်တပ်က ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရသစ်ကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုပြီးနောက် အားလုံးပါဝင်နိုင်သော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တွင် ဂျန်ဒါတန်းတူညီမျှမှုကို ရရှိနိုင်ရေးအတွက် အချက်အလက်အခြေပြု ပြည်သူ့ရေးရာမူဝါဒကို ဆက်လက်ပံ့ပိုးပေးလျှက်ရှိပါသည်။   

အွန်လိုင်းသင်ခန်းစာများ၊ ပညာသင်ဆုများ နှင့် ဒီဂျစ်တယ်ရပ်ဝန်းများနှင့် စပ်လျဥ်း၍ သုတေသနပြုခြင်းတို့တွင် ကျွန်ုပ်တို့အနေဖြင့် ပြည်ပရောက်နေကြသည့် မြန်မာနိုင်ငံမှ မတူကွဲပြားသော ကျောင်းသားကျောင်းသူများနှင့် သုတေသီများ၊ သုတေသနအဖွဲ့များကို ထောက်ပံ့ ပေးလျှက်ရှိပါသည်။ ဂျန်ဒါတန်းတူညီမျှခြင်းနှင့် တန်းတူညီမျှမှုမရှိခြင်းများကို လျှော့ချနိုင်ရန် အတွက် ခိုင်လုံသောအချက်အလက်များ၏ အရေးပါပုံကို နားလည်သည့်အလျောက် ကျွန်ုပ်တို့ အဖွဲ့သည်  

ဒီမိုကရေစီအတွက် အသိပညာ မြန်မာပြည်သည် Global Affairs Canada နှင့် IDRC တို့က ၂၀၁၇ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။  ငါးနှစ်တာစီမံကိန်းဖြင့် ကနဦး စတင်ခဲ့သော လုပ်ငန်းစဥ်မှာ ဆယ်စုနှစ်များစွာ ရင်းနှီးမြှုပ်နှံမှုများမလုပ်ဘဲ လျစ်လျူရှုခံခဲ့ရသဖြင့် ပြည်သူ့ရေးရာမူဝါဒများအတွက် ခိုင်မာသောအကြံပြုချက်များ ပေါ်ထွက်လာစေနိုင်မည့် မြန်မာပြည်တွင်းရှိ စွမ်းဆောင်ရည်များယိုယွင်းခဲ့ရပြီးနောက် ပြည်တွင်းရှိ သုတေသနနှင့် လေ့လာဆန်းစစ်သုံးသပ်မှု စွမ်းဆောင်ရည်များကို ခိုင်မာအားကောင်းလာစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ် ဇွန်လထဲတွင် ကြေညာခဲ့သည့် ကနေဒါ၏ မြန်မာပြည်ဆိုင်ရာမူဝါဒ တစ်စိတ်တပိုင်းအဖြစ် Global Affairs Canada မှ အသစ်ထပ်မံပြင်ဆင်ထားသော ထောက်ပံ့မှု နှင့် IDRC တို့၏ လေးနှစ်တာ စီမံကိန်းမှာ ကနဦး ဆောင်ရွက်ခဲ့သော အထက်ပါလုပ်ငန်းစဥ်အပေါ် အခြေပြုထားခြင်း ဖြစ်ကာ ဂျန်ဒါတန်းတူညီမျှမှုကို အဓိက အလေးပေး၍ မြန်မာ့အရပ်ဖက်အဖွဲ့အစည်းရပ်ဝန်းအတွင်း အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ပါသည်။ 

Global Affairs Canada ၏ ထောက်ပံ့မှုအကြောင်း အသေးစိတ်သိရှိရန် – Backgrounder: Canada announces development, peace and security projects for Bangladesh and Myanmar

ကျွန်ုပ်တို့သည် အနာဂတ်ဒီမိုကရေစီ မြန်မာနိုင်ငံသစ်အတွက် ဆွေးနွေးပြောဆိုမှုများတွင် ပါဝင်သည့် အသံများ တိုးမြင့်လာစေရန်အတွက် မြန်မာပြည်တွင်းနှင့် ပြည်ပရောက် မြန်မာ အင်အားစုများ အကြား ပါဝင်ပတ်သက်နေသူများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ထိတွေ့ဆက်ဆံမှုများကို ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။ 

ပိုမိုသိရှိနိုင်ရန် – Knowledge for Democracy – Myanmar  ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်သလို myanmar@idrc.ca သို့လည်း ဆက်သွယ်နိုင်ပါသည်။

မြန်မာနိုင်ငံတွင်း IDRC ၏ လုပ်ငန်းစဥ်များအကြောင်း ပိုမိုသိရှိနိုင်ရန် – Learn more about IDRC’s work in Myanmar



K4DM မှ နောက်ဆုံးရ သတင်းအချက်အလက်များ

လူမှုကွန်ယက်တွင် K4DM ကို ရှာဖွေရန်

K4DM မှ နောက်ဆုံးတင်ထားသည့် အကြောင်းအရာများ


K4DM Annual Reports

Exit mobile version