
ဤစာစောင်သည် ရွေးကောက်ပွဲဆိုင်ရာ မျှတမှုနှင့် စပ်လျဥ်း၍ Kyoto Review of Southeast Asia ၏ နောက်ဆုံးထုတ်ဖြစ်သည်။ ထိုစာစောင်မှာ အရှေ့တောင်အာရှအတွင်း နိုင်ငံရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာကိစ္စရပ်များကို လေ့လာသုံးသပ်ရာတွင် လူသိများသည့် အရင်းအမြစ်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် အဓိကထားသုံးသပ်ထားသည့် ဆောင်းပါးများထဲမှ တစ်ခုတွင် ကြားခံ နိုင်ငံရေးပါတီ တစ်ခုမှတဆင့် စစ်တပ်က တရားဝင်ဖြစ်ရေးအတွက် အခိုင်အမာ ကြိုးပမ်းမှုတစ်ခု ဖြစ်သည့် လူအများ အဆိုအရ “အတုအယောင်ရွေးကောက်ပွဲ” ကို လေ့လာဆန်းစစ်ထားသည်။ လာမည့် ဇူလိုင်လ၊ ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်မည့် ဒီမိုကရေစီအတွက် အသိပညာ မြန်မာပြည် (K4DM) Marketplace တွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အစီအစဥ်များအကြောင်း ဆွေးနွေးမှုတစ်ရပ်ကို ကျွန်ုပ်တို့ မျှော်မှန်းထားပါသည်။
Dismantling Myanmar’s Election Integrity: A Post-Coup Review – Kyoto Review of Southeast Asia by Sanjay Gathia (Asia Centre) – English
Sanjay Gathia သည် Asia Centre မှ အစီအစဥ်မန်နေဂျာတစ်ဦးဖြစ်ကာ ဒီမိုကရေစီအတွက်အသိပညာ မြန်မာပြည် (K4DM) ၏ မိတ်ဖက်အဖွဲ့ဖြစ်သော ဘန်ကောက်ရှိ နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ သုတေသန စင်တာ (IDRC) မှ ပံ့ပိုးမှုရထားသူတစ်ဦးလည်းဖြစ်သည်။