Myanmar Policy and Community Knowledge (MyPACK) Hub ၏ “ မြန်မာနိုင်ငံနှင့် စပ်လျဥ်းသည့် ကနေဒါ၏ မဟာဗျုဟာကို ပြင်ဆင်ပြောင်းလဲခြင်း” အစီရင်ခံစာကို ဆွေးနွေးရန်ဖိတ်ခေါ်ပါသည်။
ကနေဒါနိုင်ငံသည် ၂၀၁၈ ခုနှစ်ကတည်းမှ စတင်၍ မြန်မာနိုင်ငံကို ပံ့ပိုးကူညီလာခဲ့သည်မှာ ဒေါ်လာ သန်း ၆၀၀ ရှိခဲ့ပြီ ဖြစ်ပါသည်။ မြန်မာ့တော်လှန်ရေးကာလအတွင်း ထိရောက်စွာ အကျိုးပြုနိုင်ပါက ကနေဒါ နိုင်ငံသားများ၏ ကူညီပံ့ပိုးမှုသည် ထပ်ဆောင်း အထောက်အကူပြုနိုင်မည်ဖြစ်သည်။ MyPACK ၏ အစီရင်ခံစာထဲတွင် ကနေဒါနိုင်ငံ၏ ဆောင်ရွက်မှုကို ပုံဖော်ပြုပြင်ပေးနိုင်ရန် အကြံပြုချက် ၁၆ ချက် ထည့်သွင်းထားပြီး ထိုအစီရင်ခံစာသည် လာမည့် ၂၀၂၅ ခုနှစ်နှင့် နောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံ အပေါ်အခြားနိုင်ငံများ၏ မဟာဗျုဟာများအတွက်လည်း မှီငြမ်းစရာပုံစံတစ်ခုဖြစ်လာမည်ဖြစ်သည်။
နေ့ရက် – ဒီဇင်ဘာလ ၉ ရက်၊ ၂၀၂၄
အချိန် – ကနေဒါ စံတော်ချိန် နံနက် ၉ နာရီ မှ နံနက် ၁၀:၃၀ နာရီ
မြန်မာ စံတော်ချိန် ည ၈:၃၀ မှ ည ၁၀ နာရီ
နေရာ – အွန်လိုင်းမှတဆင့် Zoom ဖြင့်တက်ရောက်ရန်
စာရင်းသွင်းရန် – https://munkschool.utoronto.ca/event/reorienting-canadas-strategy-myanmar-recommendations-canada-and-other-countries-engaging
Myanmar Policy and Community Knowledge (MyPACK) Hub သည် IDRC မှ ပံ့ပိုးပေးထားသည့် သုတေသနအဖွဲ့ဖြစ်ပြီး တိုရွန်တို တက္ကသိုလ်ရှိ Munk School of Global Affairs & Public Policy မှ Asian Institute တွင် ဖွင့်လှစ်ထားသည်။ ဒီမိုကရေစီအတွက် အသိပညာ မြန်မာပြည် (K4DM) စီမံကိန်း၏ တစ်စိတ်တပိုင်းဖြစ်သည့် IDRC မှ ထောက်ပံ့ငွေပေးအပ်ထားခြင်းဖြစ်သည်။
