ဤဆွေးနွေးပွဲသည် ၂၀၂၁ ခုနှစ် မြန်မာ့စစ်တပ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲဖြစ်ပေါ်ခဲ့သော နိုင်ငံရေးမတည်ငြိမ်မှုများအပေါ် ဒေသအာဏာပိုင်များ၏ တုံ့ပြန်ပုံများကို အလေးပေးသွားမည် ဖြစ်ပြီး အဓိကအားဖြင့် အောက်ပါမေးခွန်းများကို ဆန်းစစ်သွားမည် ဖြစ်သည်။

(၁)စစ်တပ်အာဏာသိမ်းမှုအပေါ် ဒေသအာဏာပိုင်များအနေဖြင့် တုံ့ပြန်သည့် မတူညီသောနည်းလမ်းများကား အဘယ်နည်း၊ ၎င်းတို့၏ မတူညီသော တုံ့ပြန်မှုများက မည်သည့်အရာကို ဥိီးတည်စေသနည်း။
(၂) အာဏာသိမ်းပြီးနောက်ပိုင်း ကြီးထွားလာသော ပဋိပက္ခများအား တားဆီးကာကွယ်ရာတွင် ဒေသဆိုင်ရာအာဏာပိုင်များက မည်သည့် အခန်းကဏ္ဍတွင် ပါဝင်နေသနည်း။
(၃) ဒေသဆိုင်ရာ အာဏာပိုင်များအပေါ် ဒေသခံ ရပ်မိရပ်ဖများ၊ တပ်မတော် အာဏာပိုင်များနှင့် ဒေသခံ တော်လှန်ရေး လှုပ်ရှားမှု အဖွဲ့ဝင်များက မည်သို့ ရှုမြင်ကြသနည်း။

ကျွန်ုပ်၏ သုတေသနပြုတွေ့ရှိချက်များအရ ဒေသအာဏာပိုင်များ၏ တုံ့ပြန်မှုသည် နယ်မြေများကို ထိန်းချုပ်မှုရှိသော လက်နက်ကိုင်အဖွဲ့များ၏ အမျိုးအစားများ၊ စစ်အစိုးရကို ဆန့်ကျင်သည့် အတိုင်အတာများ၊ ဒေသအာဏာပိုင်များ၏ နိုင်ငံရေးနှင့် ဆက်နွယ်မှု၊ ကျင့်ထုံးများနှင့် ဒေသခံပြည်သူများနှင့် ဆက်ဆံရေးများအပေါ် မူတည်၍ ကွဲပြားကြောင်း သက်သေပြလျက်ရှိသည်။ ထို့အပြင် ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေများအပေါ်မူတည်၍ အချိန်နှင့်အမျှ တုံ့ပြန်မှုများသည်လည်း ပြောင်းလဲလျက်ရှိနေသည်။
ဤဆွေးနွေးပွဲတွင် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ထိခိုက်စေနိုင်သည့်အရာများအား လျှော့ချရန်နှင့် အာဏာသိမ်းပြီးကာလတွင် ၎င်းတို့၏ တစ်ဦးချင်း သို့မဟုတ်/နှင့် ရပ်ရွာ၏ အေးချမ်းလုံခြုံမှုကို အာမခံထောက်ပံ့နိုင်ရန် ဒေသအာဏာပိုင်များက အသုံးပြုသည့် ဖြေရှင်းနည်းဗျူဟာ အမျိုးမျိုးကို အလေးပေးကာ နိုင်ငံရေးအရ အမြင်ကွဲပြားလွန်းလှသောဒေသတွင်သုတေသနလုပ်ဆောင်ရာ ကြံတွေရသော ကျင့်ဝတ်၊ နည်းစနစ်ပိုင်းနှင့် လက်တွေ့ကျသော စိန်ခေါ်မှုများကို ဆွေးနွေးသွားမည်ဖြစ်သည်။

ဟောပြောမည့်သူ

Ardeth Maung Thawnghmung သည် Massachusetts Lowell တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဌာန ပါမောက္ခ တစ်ဥိီး ဖြစ်သည်။ သူမ၏ အထူးပြုသော ပညာရပ်နယ်ပယ္များမှာ မြန်မာ/အရှေ့တောင်အာရှ နိုင်ငံရေး၊ လူမျိုးစု နိုင်ငံရေးနှင့် နိုင်ငံရေးဘောဂဗေဒတို့ ဖြစ်သည်။

သူမသည် မြန်မာနိုင်ငံရှိ လူမျိုးစုနိုင်ငံရေး နှင့် နိုင်ငံရေးဘောဂဗေဒ ဆိုင်ရာ စာအုပ်များနှင့် ဆောင်းပါးများစွာကို ရေးသားခဲ့ပြီး Jacques Bertrand နှင့် Alex Pelletier တို့နှင့်အတူ ရေးသားပြုစုခဲ့သော Winning by Process: The State and Neutralization of Ethnic Minorities in Myanmar (Cornell University Press, 2022) အပါအဝင် သူမ၏ တစ်ကိုယ်တည်းရေးသားသော Everyday Economic Survival in Myanmar (University of Wisconsin Press, 2019) ခေါ် စာအုပ်များကိုလည်း ရေးသားခဲ့သည်။

Ardeth သည် နိုင်ငံရေးသိပ္ပံဌာန၏ ဥက္ကဌအဖြစ် 2013 မှ 2021 ခုနှစ်အထိ တာဝန်ယူခဲ့ပြီး 2020-21 ပညာသင်နှစ်တွင်လည်း ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေး ပရိုဂရမ်အတွက် ကြားကာလညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ထုိ့အပြင် သူမသည် International Peace Research Association Foundation မှ (၂၀၂၁-၂၀၂၂) ခုနှစ်များတွင် ပညာသင်ဆုနှင့် Research grant များရရှိခဲ့ပြီး၊ (၂၀၂၀-၂၀၂၁) တွင် Fulbright Public Policy Fellow အဖွဈလည်းကောင်း ၊(၂၀၁၀-၂၀၁၁)တွင် Fulbright-Hays Faculty Research Abroad နှင့် Singapore National University of Asian Research Institute မှ ပညာသင်ဆုများနှင့် သုတေသနထောက်ပံ့ကြေးများကို ရရှိခဲ့ပါသည်။ East West Center Washington DC နှင့် ISEAS-Yusof Ishak Institute of Southeast Asian study in the Singapore တို့တွင်လည်းပညာသင်ဆုများကို အသီးသီးရရှိခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို ပြုလုပ်သွားမည့်အချိန်ကတော့ နိုဝင်ဘာလ (၂)ရက်နေ့ မြန်မာစံတော်ချိန်( ည – ၇ နာရီ) တွင် ပြုလုပ်သွားမည်ဖြစ်သည်။

စာရင်းပေးသွင်းရန်: https://us06web.zoom.us/…/reg…/WN_WX6itdZrSumaYssjkJDkSw