မြန်မာစစ်အစိုးရကို ဆန့်ကျင်သည့် လက်နက်ကိုင် တော်လှန်မှုများသည် လူမှုရေးဆိုင်ရာ ဖြစ်စဉ်အပြောင်းလဲမှု များဖြင့် ပုံဖော်ထားပြီး ဆယ်စုနှစ်များစွာကြာ ဖိနှိပ်မှုများနှင့် အကြမ်းဖက်မှုများကို ဖြစ်ပွါးစေခဲ့သည်ကို အားလုံးသိရှိထားကြပြီး ဖြစ်သည်။

သို့သော် ဆန့်ကျင်ဘက် အကြောင်းခြင်းရာ တစ်ခုအား နားလည်မှုနည်းကြသည် – ၎င်းမှာ “လက်နက်ကိုင်ပဋိပက္ခ ဖြစ်စဉ်များက မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လိုအတိုင်းအတာအထိ ပုံဖော်ထားလဲ” ဆိုသည့် မေးခွန်းပင်ဖြစ်သည်။

လျှောက်ထားရန်: https://bit.ly/3PmnqON

တဖန် မျိုးဆက်ပေါင်းများစွာ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ကြိုးပမ်းမှုများနှင့် အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာ မြင့်တက်လာသည့် လက်နက်ကိုင် ပဋိပက္ခများ ကို အားလုံးသတိပြုမိကြပြီး “မတူကွဲပြားသည့် ပထဝီဝင် စစ်ပွဲများကြောင့် မြန်မာ့သမိုင်းနှင့် အနာဂတ်ကို မည်သို့ မည်ပုံ ဖြစ်မည်နည်း” ဆိုသည့် မေးခွန်းကိုမူ နားလည်အောင် ကြိုးပမ်းရာမှာ အားနည်းလျက်ရှိသည်။

ဤဆွေးနွေးပွဲတွင် အာဏာမသိမ်းမီကာလက ကရင်ပြည်နယ်အတွင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြုလုပ်ခဲ့သော သုတေသနများအပေါ် ပြန်လည်သုံးသပ်ကာ ပဋိပက္ခလေ့လာမှုများကို လူမျိုးစုဆိုင်ရာနှင့် ပထဝီဝင်ဆိုင်ရာ ရှုထောင့်များမှတဆင့် ချဉ်းကပ်မှုသွားမည်ဖြစ်သည်။ ထို့အပြင် ပဋိပက္ခဖြစ်ပွားရာနေရာများ ကွဲပြားသော်လည်း ရန်သူဇာတ်ကောင် တစ်ဦးတည်းမှာ စစ်တပ်ဖြစ်၍အပြန်အလှန်ဆက်စပ်နေသည့် သဘောတရားကို နားလည်သဘောပေါက်ရန် အရေးကြီးပုံကို ဆွေးနွေးသွားမည်ဖြစ်သည်။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံအတွင်း သမိုင်းကြောင်းအရဖြစ်ပွါးခဲ့သော စစ်ပွဲများနှင့် အကြမ်းဖက် ဖြစ်စဉ်များအတွင်း ပါဝင်ပတ်သတ်ခဲ့သည့် အင်အားကြီးဇာတ်ကောင် လူပုဂ္ဂိလ်များ၊ ပဋိပက္ခများ နှင့်လူမှုဂေဟစနစ်ဆိုင်ရာ ဆက်ဆံရေးများအကြား ဆက်စပ်ပုံများ ၊ လူ့အဖွဲ့အစည်းများ အတွင်းရှိ ပါဝင်ပတ်သတ်သူများအကြား အပြန်အလှန် ဂရုစိုက်ကာ စည်းလုံးကြပုံများ စသည်တို့ပါဝင်သွားမည်ဖြစ်သည်။

အထူးသဖြင့် မြန်မာနိုင်ငံမှမဟုတ်သော သုတေသီများအနေဖြင့် စစ်ပွဲများများနှင့်အကြမ်းဖက်မှုများကြားက နေ့စဥ်ကြုံတွေ့နေရသည့် အတွေ့အကြုံများကို သိရှိနားလည်၍ ပြန်လည်သုံးသပ်စေခြင်းဖြင့် ဆွေး​နွေးပွဲကို နိဂုံးချုပ်မည်ဖြစ်သည်။

ဟောပြောမည့်သူ အကျဉ်း

ဒေါက်တာ Shona Loong သည် University of Zurich မှ အကြီးတန်းကထိကတစ်ဦးဖြစ်၍ နိုင်ငံရေးပထဝီဝင်ဘာသာရပ်တွင် ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများကို သင်ကြားပေးနေသူဖြစ်သည်။
Dr. Loong သည် ပဋိပက္ခအသွင်ပြောင်းရေး၊ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို အထူးပြု လေ့လာလျက်ရှိပြီး အထူးသဖြင့် မြန်မာနိုင်ငံနှင့် နယ်နိမိတ်များအကြောင်းနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို အကျယ်တဝင့် ရေးသား ထုတ်ဝေခဲ့သည်။

Dr. Loong ၏ ပညာရပ်ဆိုင်ရာ စာပေ၊စာတမ်းများသည် ပထဝီဝင်၊ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ဂျာနယ်များ၊ လူမှုရေးသိပ္ပံဂျာနယ်များ ၊ Geoforum နှင့် Transactions of the Institute of British Geographers တို့တွင် ဖော်ပြခြင်းခံရလေ့ရှိသည်။ထို့အပြင် သူမသည် Tea Circle၏ အယ်ဒီတာတစ်ဦးဖြစ်သလို မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ မူဝါဒများ အကြံပြုလေ့ရှိသူတစ်ဦးဖြစ်သည်။

ယခုဆွေးနွေးပွဲတွင် ပါဝင်ရန် စိတ်ပါဝင်စားပါက အောက်ဖော်ပြပါလင်ခ့်မှတစ်ဆင့်ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားရန်: https://bit.ly/3PmnqON