သုတေသန အဆိုပြုချက်များအတွက် လျှောက်လွှာခေါ်ယူခြင်း – မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်လောကတွင် လက်ရှိကြုံတွေ့နေရသောပြဿနာများ
The Knowledge for Democracy Myanmar (K4DM) မှ မြန်မာနိုင်ငံနှင့် နိုင်ငံသားများ ရင်ဆိုင်နေရသောလူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုကိစ္စရပ်များအတွက် အရေးပါသော သုတေသန ပရောဂျက်များအတွက် ဒုတိယအကြိမ်အဆိုပြုချက် တင်သွင်းရန်မြန်မာနိုင်ငံအတွင်းမှ သုတေသီများအား ဖိတ်ကြားအပ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဒစ်ဂျစ်တယ်ကဏ္ဍများကို (အွန်လိုင်းစစ်တမ်းကောက်ယူခြင်းများ၊ အွန်လိုင်းမှ အုပ်စုလိုက်ဆွေးနွေးမှုများစသည်ဖြင့်) အသုံးပြု၍ ဒစ်ဂျစ်တယ်နည်းပညာနှင့် လက်ရှိမူဝါဒရေးရာများ ဆုံစည်းရာတို့ကို သုတေသနပြုသည့်အကြောင်းအရာများအားအထူးစိတ်ဝင်စားပါသည်။ ( ထပ်မံဖော်ပြထားသော အကြောင်းအရာများကိုအောက်တွင် ကြည့်ရှုနိုင်ပါသည်)