K-Pop အမာခံအားပေးသူအဖွဲ့များမှသည် ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများနှင့် မြေရှားသတ္တုလုပ်ငန်း များအထိ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်နယ်ပယ်သည် အသက်သွေးကြောသဖွယ် အထောက်အကူ ပြုမှုများနှင့်အတူ ထောင်ချောက်များကလည်း ယှဥ်တွဲတည်ရှိနေသည်။ 

 ဒီမိုကရေစီအတွက် အသိပညာမြန်မာပြည် (K4DM) ၏ ထောက်ပံ့မှုဖြင့် သုတသနကို လုပ်ဆောင်ခဲ့သည့် သုတေသီများက အင်တာနက်ချိတ်ဆက်မှု၏ စွမ်းအားနှင့် ဘေးအန္တရာယ်များကို လေ့လာတွေ့ရှိခဲ့ပြီး တရားမျှတ၍ လုံခြုံ ဘေးကင်းကာ ဒီမိုကရက်တစ်စံနှုန်းများနှင့် ကိုက်ညီသော ဂေဟစနစ်တစ်ရပ်ကို ပုံဖော်နိုင်ရန် အကြံပြုချက်များမျှဝေခဲ့သည်။ 

https://k4dm.ca/2026/02/04/digital-myanmar/ full article in English

This story is featured in the Asia Research News 2026 magazine.   

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲကြီးများကြားမှာပင် မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်နယ်ပယ်အတွင်း လမ်းခွဲတစ်ခုတွင် ရပ်တည်နေဆဲဖြစ်ကာ တိုးတက်ကျယ်ပြန့်လာနေသည့် ဒစ်ဂျစ်တယ်ထိတွေ့မှုများမှာ မြေရှားသတ္တုပို့ဆောင်ရေးကွင်းဆက်များမှသည် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် ပညာရေးကဏ္ဍများအထိ အကောင်းအဆိုးဒွန်တွဲ၍ အရာရာနှင့် ချိတ်ဆက်နေသည်။

Edgard Rodriguez – IDRC အာရှဒေသဆိုင်ရာရုံး၊ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ


K-Pop၊ Crypto နှင့် လိမ်လည်မှုလုပ်ငန်းများ

Border of Shwe Kokko, one of the reported scam cities. (Credit: Creative Commons)

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် K-Pop အမာခံအားပေးသူအဖွဲ့များကဲ့သို့ အွန်လိုင်းအဖွဲ့များက မည်ကဲ့သို့ ထောက်ပံ့ကူညီမှုပေးနိုင်ခဲ့ပုံ၊ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်များက အသုံးဝင်သည့်တိုင်အောင် အန္တရာယ်ရှိပုံနှင့် ဆိုက်ဘာလိမ်လည်မှု လုပ်ငန်းများက မြန်မာပြည်သူများအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိပုံတို့အား လေ့လာတွေ့ရှိ ခဲ့ကြသည်။


အသိပညာကို ရှာဖွေခြင်း

 ဖရိုဖရဲဖြစ်နေသော အခြေအနေများကြားမှပင် အွန်လိုင်းပညာရေးစနစ် များသည် မြန်မာပြည်သူများအား လူ့အခွင့်အရေးဆိုင်ရာ ပညာရပ်များနှင့် တက္ကသိုလ်ဘွဲ့ဒီဂရီများ ရရှိနိုင်အောင် စွမ်းဆောင်ပေးလျက်ရှိသည်။

Students using eduLamp (Credit: Spring University Myanmar)

အခွင့်အရေးနှင့် မြေရှားသတ္တုများ

မြေရှားသတ္တုတူးဖော်ခြင်းသည် စီးပွားရေး အခွင့်အလမ်းများ ဖန်တီးပေးသော်လည်း ပေးဆပ်ရမှုများရှိနေသည်။ သုတေသီများက မြန်မာနိုင်ငံ၏ ကချင်ပြည်နယ်၌ သဘာဝပတ်ဝန်းကျင်နှင့် လူသားများ၏ ကျန်းမာရေးကို ထိခိုက်ပျက်စီးမှုများစတင်နေပြီဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။

The research was conducted in Myanmar’s Kachin state where two heavy rare earth elements, Dysprosium (Dy) and Terbium (Tb) are extracted. These elements are used in defence, aerospace, and green advanced technologies. (Credit: MRHZ)

https://k4dm.ca/2026/02/04/digital-myanmar/ full article in English