
အနာဂတ် ဒီမိုကရက်တစ်မြန်မာနိုင်ငံနှင့် လူ့အခွင့်အရေး
နိုင်ငံခြား သတင်းထောက်များအသင်း (ထိုင်းနိုင်ငံ)
တနင်္လာ၊ ဇူလိုင် ၇၊ ၂၀၂၅ညနေ ၅:၃၀ မှ ၇:၃၀ နာရီ
Maneeya Center
518/5 Ploenchit Road, Penthouse Floor
(connected to the BTS Skytrain Chitlom station)
Patumwan, Bangkok 10330
Further instructions: https://www.fccthai.com/contact
Future Democratic Myanmar and Human Rights (English version)


ကနေဒါအဖွဲ့အစည်းဖြစ်သည့် International Development Research Centre နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံး တို့မှ ပူးပေါင်းစီစဥ်သည့် မြန်မာနိုင်ငံတွင်းရှိ လူ့အခွင့်အရေး အခြေအနေများနှင့်စပ်လျဥ်း၍ အစီရင်ခံစာထုတ်ပြန်ခြင်းနှင့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ပါရန် ဖိတ်ကြားလိုပါသည်။
ဒီအဖြစ်အပျက်က အခုပြီးသွားပြီ။ ဒီပွဲကို Youtube မှာ ကြည့်ရှုနိုင်ပါတယ်။ အဖြစ်အပျက် အကျဉ်းချုပ်ကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
အစီရင်ခံစာမိတ်ဆက်ပွဲ အကျဉ်းချုပ် ဗီဒီယို
အစီရင်ခံတင်ပြချက်ဓာတ်ပုံများ
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံး၏ အစီရင်ခံစာကို လာမည့် ဇွန်လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်တွင် ဂျီနီဗာမြို့၌ ကျင်းပမည့် လူ့အခွင့်အရေးကောင်စီညီလာခံတွင် ဦးစွာတင်ပြကာ ဇူလိုင်လ ၇ရက်နေ့တွင် ဘန်ကောက်မြို့၌ တင်ပြသွားမည်ဖြစ်သည်။ အဆိုပါအစီရင်ခံစာသည် မြန်မာနိုင်ငံတွင်းရှိ အကြပ်အတည်းများနှင့် တိုင်းပြည်၏ ဒီမိုကရေစီအရေး ရည်မှန်းချက်များကို ပံ့ပိုးပေးရန်အတွက် ကမ္ဘာ့နိုင်ငံများ၏ တာဝန်များကို မီးမောင်းထိုးပြထားသည်။ ဦးဆောင်ဆွေးနွေးမည့်သူများက အစီရင်ခံစာထဲမှ အဓိက အကြံပြုချက်များနှင့် မြန်မာ့အရေးဖြေရှင်းရာတွင် အာဆီယံ၏ အခန်းကဏ္ဍ တို့ကို ဆွေးနွေးသွားမည်ဖြစ်သည်။ လွတ်လပ်ရေးအတွက် မြန်မာပြည်သူလူထုက အရာအားလုံးကို စွန့်လွှတ်နေချိန်၌ ကမ္ဘာကလည်း ၎င်းတို့၏ ရဲရင့်မှုကို အမှီလိုက်နိုင်ရန်အတွက် လုပ်ဆောင်မှုများ ပြုလုပ်ရန်လိုအပ်သည်။ စကားဝိုင်းဆွေးနွေးပွဲတွင် ရပိုင်ခွင့်၊ အခွင့်အရေးများကို အခြေပြု၍ အားလုံး ပါဝင်နိုင်မည့် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပံ့ပိုးပေးနိုင်ရန် နိုင်ငံတကာကမည်ကဲ့သို့ ပိုမိုကူညီနိုင်သနည်း ဟု မေးခွန်းထုတ်သွားမည်ဖြစ်သည်။ ဤဆွေးနွေးပွဲသည် ထိုလုပ်ငန်းစဥ်ကို ရှေ့ဆုံးမှ ဦးဆောင်နေသည့် ကျွမ်းကျင်သူများနှင့် စေ့စပ်ညှိနှိုင်းသူများနှင့် ပြောဆိုဆွေးနွေးနိုင်မည့် အခွင့်အရေးတစ်ရပ်ပင် ဖြစ်သည်။
တက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် လက်မှတ်ရယူရန် ဇူလိုင်လ ၂ ရက်နေ့မတိုင်မီ အောက်ဖော်ပြပါနေရာ သို့မဟုတ် ဤနေရာတွင် ရယူနိုင်ပါသည်။ နေရာအကန့်အသတ်ရှိသောကြောင့် အစောဆုံးစာရင်းပေးသွင်းသူများကိုသာ လက်ခံသွားမည်ဖြစ်သည်။ ပွဲအပြီး၌ ညစာဖြင့်လည်း တည်ခင်းဧည့်ခံသွားပါမည်။
ယခု ဆွေးနွေးပွဲမှာ အများပြည်သူတက်ရောက်နိုင်သည့်ပွဲဖြစ်ကာအွန်လိုင်း၌ ဖြန့်ဝေရန်အတွက် ဓာတ်ပုံများလည်း ရိုက်ကူးသွားမည်ဖြစ်ပါသည်။ ဤအခမ်းအနားကိုတက်ရောက်ခြင်းဖြင့် သင်သည် ဓာတ်ပုံရိုက်ကူးခွင့်ကိုလည်းသဘောတူပြီးဖြစ်ပါသည်။
အွန်လိုင်းကြည့်ရှုရန် စာရင်းသွင်းပါ။
စာရင်းသွင်းရန် –
ယခုဆွေးနွေးပွဲသည် K4DM ၏ နှစ်စဥ်ကျင်းပနေကျ Knowledge Marketplace ၏ တစ်စိတ်တပိုင်းဖြစ်ပါသည်။ 2025 K4DM Knowledge Marketplace အကြောင်းကို ပိုမိုသိရှိနိုင်ရန်။




ဦးဆောင်ဆွေးနွေးသူ
Edgard Rodriguez သည် မူဝါဒရေးရာသုတေသနများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်သည်။ ၎င်းသည် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ နှင့် ဗီယက်နမ်နိုင်ငံတို့၌ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ မူဝါဒများ အတွက် တွေးခေါ်ပညာရှင်ခေါင်းဆောင်များထွက်ပေါ်လာစေရန် လေ့ကျင့်သင်ကြား ပေးနေသည့် IDRC ၏ ကွန်ယက်များအတွင်းရှိ တက္ကသိုလ်များ၊ သုတေသနအဖွဲ့များ နှင့် လက်တွဲ အလုပ်လုပ်ခဲ့သည်။ ၂၀၁၇ ခုနှစ်ကတည်းကပင် မြန်မာနိုင်ငံတွင်း၌ ဂျန်ဒါအခန်းကဏ္ဍအား ကောင်းစွာ သိမြင်နားလည်မှုရှိသည့် ပြည်သူ့ရေးရာမူဝါဒထွက်ပေါ်လာရေးအတွက် တက္ကသိုလ်များ၊ သုတေသန အဖွဲ့များ ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ Edgard Rodriguez သည် University of Toronto မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်သမားစီးပွားရေးအထူးပြု စီးပွားရေးပါရဂူဘွဲ့ကို ရရှိထားသူ ဖြစ်သည်။
ပါဝင်ဆွေးနွေးမည့်သူများ
James Rodehaver သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCCR) မြန်မာပြည်ရုံးကို ဇန်နဝါရီလ၊ ၂၀၂၀ ခုနှစ်ကတည်းမှ ဦးဆောင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် ဘန်ကောက်ရှိ အရှေ့တောင်အာရှဒေသတွင်းရုံးခွဲ၌ အခြေစိုက်လုပ်ကိုင်နေသည်။ ရှေ့နေတစ်ဦးဖြစ်သည့် James သည် ပဋိပက္ခတွင်းနှင့် ပဋိပက္ခအလွန်အခြေအနေများတွင် ရှုပ်ထွေးနက်နဲသည့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ၂၅ နှစ်ကျော် ကိုင်တွယ်ဆောင်ရွက်ခဲ့သည့် ကျွမ်းကျင်သူတစ်ဦးဖြစ်ကာ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ အထိ ဆီးရီးယားနိုင်ငံတွင် UN Commission of Inquiry ၏ စေ့စပ်ညှိနှိုင်းသူအဖြစ်လည်းကောင်း၊ အာဖဂန်နစ္စတန်နိုင်ငံတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ UN Assistance Mission လူ့အခွင့်အရေးယူနစ် ၏ ဒုတိယ ဒါရိုက်တာအဖြစ်လည်းကောင်း၊ ဘော့စနီးယားနိုင်ငံနှင့် ကိုဆိုဗိုတို့တွင် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ OSCE ၏ လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ပြင် ကုလသမဂ္ဂ၏ ကူညီထောက်ပံ့မှု လုပ်ငန်းစဥ်နှင့်အတူ ဆီရဲယား လီရွန်းတွင် ၁၉၉၉ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ၊ ကိုဆိုဗိုတွင် ၂၀၀၀ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ နှင့် လိုက်ဘေးရီးယားတွင် ၂၀၀၄ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ အလုပ်လုပ်ကိုင်ခဲ့သည်။ ၎င်းသည် Ohio University သမိုင်းဌာနနှင့် ခေတ်ပြိုင်သမိုင်းအင်စတီကျူတို့မှ ထိပ်တန်းဂုဏ်ထူးများဖြင့် ဘွဲ့ရရှိခဲ့သည်။ ထို့နောက် ၎င်း၏ ဥပဒေဘွဲ့ကို Virginia ၊ Lexington ရှိ Washington & Lee University မှ ရရှိခဲ့ကာ ပြည်သူ့ရေးရာနိုင်ငံတကာဥပဒေအတွက် Frederic L. Kirgis ဆုကို ရရှိခဲ့သည်။ Nottingham University ၏ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေစင်တာ၏ ဂုဏ်ထူးဆောင်ပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် Ohio University ၏ အထင်ကရကျောင်းသားဟောင်းတစ်ဦးအဖြစ် မှတ်တမ်းတင်ခံခဲ့ရသည်။
ဒေါက်တာ မီမီဝင်းဘတ် သည် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးနှင့် စီးပွားရေး၊ ပညာရေးနှင့် လုံခြုံရေးတို့ အပြန်အလှန်ဆက်နွယ်နေမှုကို အဓိကထား၍ မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှရှိ လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုများတွင် အထူးပြုလေ့လာနေသော East-West Center မှ Senior Adjunct Fellow ဖြစ်ပါသည်။ အမေရိကန်စစ်တပ်၌ ၂၈ နှစ်ကြာ တာဝန်ထမ်းဆောင်၍ အငြိမ်းစားယူခဲ့ပြီးနောက် အင်ဒို-ပစိဖိတ် ဒေသတကြောရှိ သံတမန်ဆက်ဆံရေးနှင့် လုပ်ငန်းစဥ်များအတွက် ပံ့ပိုးဆောင်ရွက် ပေးခဲ့ပြီး U.S. Pacific Command တွင် အဓိကကျသည့် အခန်းကဏ္ဍများကို ရယူထားသည်။ ၎င်းသည် Keck Center for International and Strategic Studies၊ IDRC ၏ ဒီမိုကရေစီအတွက် အသိပညာမြန်မာပြည် နှင့် မြန်မာမူဝါဒရေးရာအင်စတီကျူတို့တွင်လည်း အကြံပေးဘုတ်အဖွဲ့ဝင် အဖြစ် တာဝန်ယူထားသည်။ ၎င်း၏ ရေးသားမှုများကို Joint Force Quarterly၊ Global Asia နှင့် Journal of Indo-Pacific Affair တို့တွင် ထုတ်ဝေခဲ့သည်။ Claremont McKenna College၊ the University of Hawaii နှင့် the University of Southern California တို့မှ ဘွဲ့များကို ရယူထားသည်။
Toby Mendel သည် ကနေဒါနိုင်ငံ၊ Halifax ရှိ Centre for Law & Democracy (CLD) မှ ညွှန်ကြားရေးမှူးဖြစ်သည်။ CLD မတည်ထောင်မီ ၂၀၁၀ ခုနှစ်တွင် Toby Mendel သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်တို့အတွက် လှုပ်ရှားဆောင်ရွက်နေသည့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် ARTICLE 19 ၏ ဥပဒေဆိုင်ရာ အကြီးတန်း ဒါရိုက်တာ အဖြစ် ၁၂ နှစ်ကျော်ကြာတာဝန်ထမ်းဆောင်ခဲ့သည်။ ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ကမ္ဘာတလွှားရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများ နှင့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများအတွက် အဆိုပါအခွင့်အရေးများနှင့်သက်ဆိုင်သော ကျွမ်းကျင်မှုများကို မျှဝေ ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့လုပ်ဆောင်ခဲ့ရာ၌ သတင်းအချက်အလက် ရပိုင်ခွင့်နှင့် သတင်းမီဒီယာ စည်းမျဥ်းများရေးဆွဲရာတွင် ဦးဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ARTICLE19 ၌ တာဝန်မထမ်းဆောင်မီ Oxfam Canda အတွက် အကြီးတန်းလူ့အခွင့်အရေးဆိုင်ရာ အတိုင်ပင်ခံ အဖြစ် လည်းကောင်း၊ Canadian International Development Agency (CIDA) ၏ လူ့အခွင့်အရေး မူဝါဒဆိုင်ရာလေ့လာသုံးသပ်သူအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ပြည်သူ့ ဝန်ဆောင်မှု ထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနှင့် နှိုင်းယှဉ်လေ့လာမှုများ၊ သတင်း အချက်အလက်နှင့် ထုတ်လွှင့်ခွင့်ဆိုင်ရာ မူဝါဒများ အပါအဝင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ သတင်းအချက်အလက်ရပိုင်ခွင့်၊ ဆက်သွယ်ရေးဆိုင်ရာ ရပိုင်ခွင့် နှင့် ဒုက္ခသည်အရေး ကိစ္စရပ်များ စသည်တို့နှင့် စပ်လျဥ်း၍ ကျယ်ပြန့်စွာ ထုတ်ဝေရေးသားခဲ့သည်။ Toby သည် McGill University မှ ဂုဏ်ထူးတန်း သင်္ချာဘွဲ့ နှင့် Dalhousie University တို့မှ ဥပဒေဘွဲ့ တို့ကို ရရှိခဲ့သည်။
သဥ္ဇာရွှန်းလဲ့ရည် သည် အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် #Sisters2Sisters ၏ ဒါရိုက်တာ ဖြစ်သည်။ ၎င်းသည် မြန်မာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူဖြစ်ပြီး ရုပ်သံသတင်းထောက်နှင့် အစီအစဥ် တင်ဆက်သူဟောင်းတစ်ဦးလည်းဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုပြီးနောက် မြန်မာ စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြသည့် လူထုဆန္ဒပြပွဲများကျင်းပနိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့သည်။ စစ်တပ် မိသားစုဝင် တစ်ဦးဖြစ်ပြီး စစ်ကိုင်းမြို့တွင် မွေးဖွားခဲ့ကာ ကျောင်းဆရာမတစ်ဦးဖြစ်လာစေရန် သင်ကြား ခံခဲ့ရပြီး ရန်ကုန်ပညာရေးတက္ကသိုလ်မှ ၂၀၁၃ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း သဥ္ဇာရွှန်းလဲ့ရည် သည် လူငယ်အဖွဲ့အစည်းအများအပြား၏ အမှုဆောင်နေရာများတွင် ပါဝင်ခဲ့ပြီးနောက် နိုင်ငံရေးတက်ကြွလှုပ်ရှားမှုများလုပ်ဆောင်ခဲ့သည်။ ထို့နောက် လူငယ်အခြေပြု ရုပ်သံအစီအစဥ် ဖြစ်သည့် Under 30 Dialogue တွင် အစီအစဥ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၂၂ ခုနှစ်မှ စတင်၍ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ပြီး စစ်ပွဲကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကို ဆန့်ကျင်သည့် #Sisters2Sisters လှုပ်ရှားမှုကို စတင်ခဲ့သည်။ ၎င်းသည် Magnitsky Human Rights Award ကို ရရှိထားသူဖြစ်ပြီး Women of the Future၊ the Obama Foundation နှင့် US Department of State တို့မှ ဂုဏ်ထူးဆောင်ဆုများကိုလည်း ရရှိထားသူဖြစ်သည်။








































