MyDemocracy School

MyDemocracySchool သည် နိုင်ငံရေးဆိုင်ရာ အသိပညာများ ကျွမ်းကျင်မှုများ မြှင့်တင်ခြင်းများကို ပံ့ပိုးပေးမည့် Application တစ်ခုဖြစ်ပါသည်။ MyDemocracySchool သည် အခမဲ့ဖြစ်ပြီး ဒေတာ အသုံးပြုမှုနည်းပါးသော websiteအခြေခံ မိုဘိုင်းလ် applicationတစ်ခုဖြစ်ပြီး နိုင်ငံရေးကိုစိတ်ဝင်စားသော မြန်မာနိုင်ငံရှိ လူငယ်၊ အမျိုးသမီး နှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ သင်တန်းသားဟောင်းများအား နိုင်ငံရေးလုပ်ငန်းစဉ်တွင် စိတ်အားထက်သန်စွာပါဝင် နိုင်စေရန် အသိပညာနှင့် ကျွမ်းကျင်မှုများကို မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ထားပါသည်။ အသုံးပြုသူများသည် MyDemocracy School ၏ သင်တန်းသုံးလက်စွဲစာအုပ်များ၊ ပုံနှိပ်ထုတ်ဝေထားသော စာအုပ်များမှ ကျွမ်းကျင်စွာ ပြင်ဆင် ရေးထားသားသော၊ အပြန်အလှန် အကျိုးသက်ရောက်မှုရှိသည့် အကြောင်း အရာများကို အွန်လိုင်းရော အော့ဖ်လိုင်းပါ အကန့်အသတ်မရှိ အခမဲ့ အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။

MyDemocracy School Application သည် Netherlands Institute for Multiparty Democracy (NIMD) နှင့် Political Parties of Finland for Democracy – Demo Finland တို့ပူးပေါင်း ပံ့ပိုးပေးထားခြင်း ဖြစ်ပါသည်။ လူငယ်များ၊ အမျိုးသမီးများ၊ တိုင်းရင်းသားခေါင်းဆောင်များကို နိုင်ငံရေးအသိပညာများ အတတ်ပညာစွမ်းရည်များကို မြှင့်တင်ပေးခြင်းဖြင့် ၎င်းတို့၏ အနာဂတ်မြန်မာနိုင်ငံအတွက် ဖက်ဒရယ် ဒီမိုကရေစီ လူ့အဖွဲ့အစည်းဖော်ဆောင်ရေးတွင် ထိရောက်စွာဩဇာလွှမ်းမိုးပြီး ပါဝင်အထောက်အပံ့ ပေးနိုင်ရန် ရည်ရွယ်ပါသည်။

Get MyDemocracy School Application on your mobile for the best experience.

Download App

Phone

User friendly, convenient and easy to use design.