နိဒါန်း 

The Knowledge for Democracy Myanmar (K4DM) မှ မြန်မာနိုင်ငံနှင့် နိုင်ငံသားများ ရင်ဆိုင်နေရသော လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုကိစ္စရပ်များအတွက် အရေးပါသော သုတေသန ပရောဂျက်များအတွက် အဆိုပြုချက် တင်သွင်းရန်မြန်မာနိုင်ငံအတွင်းမှ သုတေသီများအား ဖိတ်ကြားအပ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဒစ်ဂျစ်တယ်ကဏ္ဍများကို  (အွန်လိုင်းစစ်တမ်းကောက်ယူခြင်းများ၊ အွန်လိုင်းမှ အုပ်စုလိုက်ဆွေးနွေးမှုများစသည်ဖြင့်)  အသုံးပြု၍ ဒစ်ဂျစ်တယ်နည်းပညာနှင့် လက်ရှိမူဝါဒရေးရာများ ဆုံရာတွင် သုတေသနပြုခြင်း အကြောင်းအရာများအား သုတေသနပြုလုပ်ရန် အထူးစိတ်ဝင်စားပါသည်။ ( ထပ်မံဖော်ပြထားသော အကြောင်းအရာများကိုအောက်တွင် ကြည့်ရှုပါ)။

သုတေသန အဆိုပြုချက်များအတွက် လျှောက်လွှာခေါ်ယူခြင်

ဒစ်ဂျစ်တယ်လောကတွင် ရှိသော မြန်မာနိုင်ငံ၏ လက်ရှိကြုံတွေ့နေရသောပြဿနာများ။

Call for small research proposals – Myanmar’s current issues in the “digital space”

ရည်ရွယ်ချက်များ

ယခု ဖော်ပြထားသော အဆိုပြုတောင်းဆိုချက်များသည် နှစ်နှစ်တာ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ မူလ (သို့) အခြား လူမှုရေးကိစ္စရပ်များနှင့် သက်ဆိုင်သော သုတေသနပရောဂျက်များနှင့် သုတေသနများကို ရန်ပုံငွေပေးရန်ဖြစ်သည်။ အစီအစဉ်တွင် လူငယ် သုတေသီများအား ၎င်းတို့၏ သုတေသနလုပ်ငန်းများကို ဆက်လက် စိတ်ဝင်စားလာစေရန် ပံ့ပိုးကူညီရန်လည်း ပါဝင်သည်။ ယခုလက်ရှိ သုတေသနဆိုင်ရာ အဖွဲ့အစည်းများသည် လက်ရှိသုတေသန လုပ်ငန်းအများစုအား ရပ်တန့်ထားပြီး ၎င်းတို့၏ ဝန်ထမ်းအများစုမှာလဲ မြန်မာနိုင်ငံမှ ထွက်ခွာသွားသည့် အခြေအနေများစွာ ပေါ်ပေါက်လာကြောင်း မြင်တွေ့ခဲ့ပြီး ဖြစ်ပါသည်။ ယင်းအခြေအနေများကြောင့် ေပါ်ပေါက်လာသော လွပ်လက်နေသည့် နေရာများအား ဖြည့်စွက်ရန်အတွက် အဓိက ရည်ရွယ်ထားသည်။ 

အထူးသဖြင့် နိုင်ငံအတွင်းမှ ဝေးလံသော နေရာများမှ တိုင်းရင်းသား လူနည်းစု ဒေသများတွင် ဖြစ်ပေါ်နေသော ကိစ္စများ၊ LGBT ကိစ္စရပ်များ၊ အမျိုးသမီးရေးရာကိစ္စရပ်များ၊ ဘာသာရေးနှင့် လူမျိုးစု လူနည်းစုများ အပါအဝင် အားနည်းသောလူနည်းစု အုပ်စုများအတွက် အကြောင်းအရာများ စသည့် သုတေသနပြုလုပ်ရန် ခိုင်မာသော အကြောင်းအရာများ ပါရှိရန် လိုအပ်သည်။ အဆိုပြုချက်တင်သွင်းသည့်အခါ သုတေသီများသည် တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် လုပ်ဆောင်နိုင်သည်။ တခြားသော လူငယ်၊ အတွေ့အကြုံမလုံလောက်သေးသော သုတေသီများလည်း ပါဝင်လျှောက်ထားနိုင်ပြီး လိုအပ်ပါက သုတေသန နည်းစနစ်များအား လေ့ကျင့်ပေးမည် ဖြစ်သောကြောင့် သုတေသီများအားလုံးကို လျှောက်ထားရန် တိုက်တွန်းအပ်ပါသည်။ အထူးသဖြင့် ယခု ပရော့ဂျက်တွင် စိတ်ပါဝင်စားသူ လူငယ်သုတေသီများအတွက် တာဝန်ကျ အဖွဲ့အစည်းများမှ  လေ့ကျင့်သင်ကြားမှုများ၊ တခြားသောလိုအပ်သည့် စွမ်းရည်ပံ့ပိုးမှုတို့ ပါဝင်မည့် သုတေသန ပရောဂျက်တစ်ခု ဖြစ်ပါသည်။ ရန်ပုံငွေထောက်ပံ့ငွေရရှိသည့် သုတေသနပရောဂျက် တစ်ခုစီတိုင်းသည် သုတေသနလုပ်ငန်းများကို စတင်ခြင်း မပြုမီ ဒစ်ဂျစ်တယ်ဘေးကင်းရေး လေ့ကျင့်မှုဖြင့် စေ့စေ့စပ်စပ် အကဲဖြတ် သုံးသပ်မှုကို ခံယူရမည်ဖြစ်သည်။

ရန်ပုံငွေရရှိနိုင်မည့် သုတေသန အကြောင်းအရာများ။

K4DM ၏ ကျွမ်းကျင်သူများနှင့် ဖွဲ့စည်းထားသည့် သုတေသနအဖွဲ့ နှင့် ထိပ်တန်းပညာရေးအဖွဲ့အစည်း၏ ကျွမ်းကျင်သူများမှ သုတေသနအဆိုပြုချက် အများဆုံး ခြောက်ခုအား ရွေးချယ်ပြီး ရန်ပုံငွေ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ သုတေသန ခေါင်းစဉ်များသည် သုတေသီများ၏ စိတ်ဝင်စားမှု အကြောင်းအရာပေါ် မူတည်၍ ကွဲပြားနိုင်သော်လည်း မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် မူဝါဒရေးရာ ကိစ္စရပ်များ (ပြည်တွင်း၌ဖြစ်စေ နိုင်ငံရပ်ခြားဖြစ်စေ) ကိုသာ အဓိကထား သုံးသတ်ရမည်ဖြစ်သည်။

သုတေသနပြုလုပ်သည့် အကြောင်းအရာများတွင် အောက်ပါ အချက်အလက်များ ပါဝင်နိုင်သည်-

  • သတင်းမှားများနှင့် ထိုသတင်းမှားများကို ကာကွယ်ရန်။ 
  • လူမျိုးရေးနှင့် ပူးပေါင်းဆောင်ရွတ်ရန် တိုက်တွန်းသည့် အကြောင်းအရာများ၊ အထူးသဖြင့် အင်တာနက်ကွန်ရက်မှ တိုက်တွန်းနှိုးဆော်ချက်များ။ 
  • တခြားနိုင်ငံမှ ကူးပြောင်းနေထိုင်သူ (သို့) ဒုက္ခသည်များ၏ ပြဿနာ ကိစ္စရပ်များ။
  • ဒစ်ဂျစ်တယ်ဆိုင်ရာ ဘေးကင်းလုံခြုံမှု နှင့် ဆိုရှယ်မီဒီယာ ဆန်းသစ်တီထွင်မှုများ။ 
  • အင်တာနက် အသုံးပြုနိုင်မှုမှဖြစ်ပေါ်လာသော ပြဿနာများ။
  • ကျန်းမာရေးကဏ္ဍဆိုင်ရာ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများ (စိတ်ကျန်းမာရေး အပါအဝင်)။
  • ပညာရေးကဏ္ဍဆိုင်ရာ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများ။
  • ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်းနှင့် စီးပွားရေးဆိုင်ရာ ပြဿနာများ (အကယ်၍အားနည်းသော လူမှုအသိုင်းအဝိုင်းများနှင့် ပတ်သက်ပါက)။
  • ဒစ်ဂျစ်တယ် ကိရိယာများ၏ လုပ်ဆိုင်နိုင်သော စွမ်းရည်၊ အရည်အချင်းများ။ 
  • အားနွဲ့သော လူမှုအသိုင်းအဝိုင်းများအတွက် အရေးကြီးသည်ဟု ယူဆရသော အခြားအကြောင်းအရာများ။ 

လျှောက်ထားသူများအနေဖြင့် သုတေသနအကြောင်းအရာများသည် အဓိကအားဖြင့် မြန်မာ့လူမှုနှင့် နိုင်ငံရေးပြဿနာများကို အသိပညာပေးနိုင်ရန်၊ ထို့သို့လုပ်ဆောင်ရန် လိုအပ်သည့် ကြိုးပမ်းအားထုတ်မှုများအား တိုက်ရိုက် ပံ့ပိုးပေးနိုင်သည့် အကြောင်းအရာများ ဖြစ်ရမည်ဖြစ်သည်။ မိမိတို့အနေဖြင့် K4DM သည် ပညာရေးဆိုင်ရာ အသိပညာပေးခြင်း၊ ပင်မမီဒီယာ အင်တာဗျူးများ၊ လုပ်ဆောင်ချက် မူဘောင်စသည့် အချက်များဆီသို့ ဦးတည်သွားသည့် သုတေသနအဖွဲ့များကို အထူးစိတ်ဝင်စားကြောင်း သိရှိရမည်ဖြစ်သည်။။ သီအိုရီသက်သက် အကြောင်းအရာများ သို့မဟုတ် ပညာရပ်ဆိုင်ရာ စာတမ်းများကဲ့သို့သော သုတေသနများကို ပံ့ပိုးပေးမည်မဟုတ်ပါ။

အရေအတွက်နှင့် ထောက်ပံ့ကြေးပမာဏ

ချီးမြှင့်သော သုတေသနထောက်ပံ့ကြေး အရေအတွက် အတိအကျသည် သုတေသနအဆိုပြုချက်များ နှင့် လက်ရှိ ရန်ပုံငွေပမာဏ အပေါ်တွင်  မူတည်မည်ဖြစ်သည်။ ရည်ရွယ်ချက်မှာ သုတေသနအဆိုပြုချက် လေးခုမှ ခြောက်ခုကို အချိန်အတိုင်းအတာ တစ်ခုအတွင်း အတည်ပြုရန်ဖြစ်ပြီး  ယင်းသုတေသနအဆိုပြုချက်များအတွက် နောက်ဆက်တွဲ တောင်းဆိုမှုများကို 2023 နှောင်းပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပြုချက်အတွက် လိုအပ်ချက်များ

စိတ်ပါဝင်စားသော သုတေသီများ အနေဖြင့် သုတေသနအဆိုပြုချက်ပုံစံအား ရယူရန် အတွက် လင့်ခ်အား အောက်ပါအီးမေးလ်မှ တစ်ဆင့် K4DM သို့ ဆက်သွယ်နိုင်သည်။ ဖော်ပြပါ ပုံစံကို အသုံးပြု၍ တင်ပြထားသော အဆိုပြုချက်များကိုသာ ထည့်သွင်းစဉ်းစားပါမည်။ သုတေသနအဆိုပြုချက်တစ်ခုစီအတွက် ရန်ပုံငွေသည် CAD 10,000 (ဒေါ်လာ 7,600 ခန့်) ထက်မပိုသင့်ပါ။  သို့သော် CAD 10,000 အထက်ရှိသော သုတေသန အဆိုပြုချက်များကို ကျယ်ပြန့်သော ကွင်းဆင်းလေ့လာမှုများ (သို့) အခြားများပြားသင့်လျော်သော သုတေသန ကုန်ကျစရိတ်များ အသုံးပြုရန်လိုအပ်သည့် ခိုင်မာသော အကြောင်းအရင်းများရှိမှသာ ထည့်သွင်းစဉ်းစားမည်ဖြစ်ပါသည်။

ရွေးချယ်မှုဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်

သုတေသနအဖွဲ့ တစ်ခုစီမှ ရရှိလာသော တင်ပြချက်များအားလုံးကို ၎င်းတို့၏ အားသာချက်များပေါ်တွင် မူတည်၍ ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး၊ ဆက်စပ်မှုရှိခြင်း၊ အချိန်နှင့်တပြေးညီဖြစ်သော လူမှုရေးအစီအစဉ်များ (သို့) မူဝါဒဆိုင်ရာ အကြောင်းအရာများနှင့် ချိတ်ဆက်မှု တင်ပြမှုများ အစရှိသော အချက်များ ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ ပြည့်ပြည့်စုံစုံ အပြီးသတ် တင်ပြထားသော သုတေသနအဆိုပြုချက်များ ကို တင်သွင်းရန်အတွက် နောက်ဆုံးရက်မှာ ၂၄ မတ်လ ၂၀၂၃ဖြစ်ပါသည်။ ရွေးချယ်ခံရသော သုတေသီများကို ၂၁ ဧပြီလ ၂၀၂၃ မတိုင်မီ ပြန်လည်ဆက်သွယ် အကြောင်းကြားမည် ဖြစ်ပါသည်။

သုတေသနအပြီးကာလတွင် ဆက်သွယ်ပြောဆိုမှု

တင်ပြထားသော သုတေသနအဆိုပြုချက်များတွင် သုတေသနအပြီးနောက်ပိုင်းအတွက် ဆက်သွယ်မှု အစီအစဉ်တစ်ခု ပါဝင်ရမည် ဖြစ်သည်။ ယခုသုတေသနအကြောင်းအရာသည် သုတေသီများနှင့် သုတေသနအဖွဲ့များအား မိမိတို့၏ သုတေသနကို အများပြည်သူသိရှိဖို့ရာ ဆွေးနွေးတင်ပြနိုင်ရန် ရည်ရွယ်ထားသည်။ သို့သော် အမည်ဝှက်ထားရန် လိုအပ်ပါက၊ တခြားသော မတူညီသည့် ထုတ်ဝေဖြန့်ဖြူးမည့် အစီအစဥ်များအား ထည့်သွင်း စဉ်းစားပေးမည် ဖြစ်သည်။ နိုင်ငံတကာ ဆွေးနွေးပွဲများသို့ တတ်ရောက်ရန် ခရီးသွားခြင်းသည် ဤသုတေသန လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်း အဖြစ် တိုက်ရိုက် ရန်ပုံငွေ ရရှိနိုင်မည် မဟုတ်ပါ။ သို့သော် နိုင်ငံတကာ (သို့) ဒေသဆိုင်ရာ မူဝါဒနှင့် ပညာရပ်ဆိုင်ရာ ညီလာခံများတွင်မူ မြန်မာနိုင်ငံ ပါဝင်မှုကို မြှင့်တင်ရန်အတွက် ရန်ပုံငွေ ထောက်ပံ့သူများသည် ရွေးချယ်ခံရသော သုတေသီများနှင့် လက်တွဲဆောင်ရွက်မည် ဖြစ်ပါသည်။

သုတေသနလျှောက်ထားရန် လိုအပ်သော အချက်အလက်များ

စိတ်ပါဝင်စားသော သုတေသီများအနေဖြင့် ကျွန်ုပ်တို့၏ သုတေသနအဆိုပြုချက်ပုံစံ (သို့) Google Form လင့်ခ်တစ်ခုတောင်းဆိုရန် research@k4dm.ca သို့ အီးမေးလ်ပို့ရမည်။ ပြီးပြည့်စုံသော သုတေသန အဆိုပြုချက်များကို  ၂၄ မတ်လ 2023 မတိုင်မှီ တင်သွင်းရမည် ဖြစ်ပါသည်။ အောင်မြင်စွာ ရွေးချယ်ခံရသော သုတေသီများကို ၂၁ ဧပြီလ ၂၀၂၃ မတိုင်မီ ဆက်သွယ်မည်ဖြစ်ပါသည်။

Knowledge for Democracy Myanmar (K4DM) အား IDRC နှင့် Global Affairs Canada တို့မှ ရန်ပုံငွေပံ့ပိုးထားပြီး နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။ K4DM သည် မြန်မာနိုင်ငံအတွင်းမှ ပူးပေါင်းပါဝင်မှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ ကျားမတန်းတူ သာတူညီမျှမှု၊၊ မတူကွဲပြားမှုများအား လေးစားလက်ခံမှု နှင့် နိုင်ငံ၏ စည်ပင်သာယာဝပြောရေးကို မြှင့်တင်ရန်အတွက် မျိုးဆက်သစ်လူငယ်များအား ပြုစုပျိုးထောင်ပေးသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ထို့အပြင် အွန်လိုင်းသင်တန်းများ၊ ပညာသင်ဆုများနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာ သုတေသနပြုမှုများကို အသုံးပြု၍ မြန်မာနိုင်ငံ ပြင်ပရောက် ကျောင်းသားများနှင့် သုတေသီများကို နိုင်ငံပြင်ပရှိ သုတေသနအဖွဲ့အစည်းများမှ ပံ့ပိုးပေးထားခြင်း ဖြစ်ပါသည်။ www.k4dm.ca