ဒီမိုကရေစီအတွက် အသိပညာ မြန်မာပြည်

Greg Constantine ၏ Ek Khaale (တရံရောအခါက) ဓာတ်ပုံ ပရောဂျက် ၂၀၂၅ ခုနှစ်အတွက် Bertha Artivism Award ရရှိ

ဒီမိုကရေစီအတွက် အသိပညာမြန်မာပြည် (K4DM) အနေဖြင့် Ek Khaale (တရံရောအခါက) ဓာတ်ပုံ ပရောဂျက်ဖြင့် Bertha Foundation ၏ ၂၀၂၅ ခုနှစ် Artivism Awards ကို ရရှိခဲ့သည့် Greg Constantine အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

Ek Khaale (တရံရောအခါက) ဓာတ်ပုံ ပရောဂျက်သည် ဇာတ်ကြောင်းများကို မှတ်တမ်းတင်ကာ ရုပ်ပုံများဖြင့် အတိတ်ကိုပြန်လည်ဖော်ဆောင်သည့် ပရောဂျက်တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်သည်။ Greg Constantine က ရိုဟင်ဂျာလူငယ်များ၊ လူကြီးသူမများနှင့် အတူလက်တွဲကာ ဓာတ်ပုံဟောင်းများ၊ အထောက်အထားများ၊ ပေးစာများ၊ သရုပ်ဖော်ပုံများကို သမိုင်းအချက်အလက်များနှင့် ပူးပေါင်း၍ ယခင်က မသိမြင်ခဲ့ရသောအတိတ်ကာလတစ်ခုကို ဖော်ထုတ်တင်ပြထားခြင်းဖြစ်သည်။ ဒီမိုကရေစီအတွက်အသိပညာမြန်မာပြည် (K4DM) မှ ပံ့ပိုးပေးမှုဖြင့် Ek Khaale ပရောဂျက်ကို အများပြည်သူ၊ မူဝါဒရေးဆွဲသူများ၊ ကျောင်းသားကျောင်းသူများ နှင့် မြန်မာအသိုင်းအဝိုင်းတို့အကြား ပြသနိုင်ရန် ထိုင်းနိုင်ငံ နှင့် ကနေဒါနိုင်ငံတို့တွင် ပြပွဲများကျင်းပခဲ့ပြီးဖြစ်သည်။

Bertha Foundation သည် ၎င်းတို့၏  Bertha Artivism Awards မှတဆင့် လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ တရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို လှုပ်ရှားဆောင်ရွက်နေသော ကမ္ဘာတလွှားရှိ တက်ကြွလှုပ်ရှားသူများ၊ အနုပညာသမားများနှင့် အနုပညာအဖွဲ့အစည်းများကို ငွေကြေးပံ့ပိုးမှုများပေးလျက်ရှိသည်။

Ek Khaale photos

ဒီမိုကရေစီအတွက်အသိပညာမြန်မာပြည် (K4DM) မှ ပံ့ပိုးပေးထားသော Ek Khaale (တရံရောအခါက) ပရောဂျက်နှင့် ရိုဟင်ဂျာများနှင့်အတူ လေ့လာဆောင်ရွက်ထားသောသုတေသနများကို ပိုမိုသိရှိနိုင်ရန် Asia Research News 2025 magazine.

ထို့ပြင် K4DM က ယခင်ဆုရရှိထားသည့်အဖွဲ့တစ်ခုဖြစ်သော SecDev Foundation ၏ ဆောင်ရွက်မှုများကိုလည်း ပံ့ပိုးပေးထားသည်။

Exit mobile version