ဒီမိုကရေစီအတွက် အသိပညာ မြန်မာပြည်

တရံရော အခါက: ကနေဒါတွင် အောက်တိုဘာလအတွင်း ပြုလုပ်မည့် ပြပွဲများ

ကနေဒါတွင် အောက်တိုဘာလအတွင်း ပြုလုပ်မည့် ပြပွဲများ

ရိုဟင်ဂျာဘာသာစကားဖြင့် “Ek Khaale” ဟု အဓိပ္ပါယ်ရသည့် “တရံရော အခါက” ဓာတ်ပုံပြပွဲသည် ဓာတ်ပုံဆရာ Greg Constantine ၏ အတိတ်ကာလကို ဓာတ်ပုံများဖြင့် ပြန်လည်ဖန်တီးထားသည့် ပရောဂျက်တစ်ခု ဖြစ်သည်။ ဤ ပရောဂျက်ကို ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့ပြီး ရိုဟင်ဂျာလူငယ်များ၊ ခေါင်းဆောင်များနှင့် အတူလက်တွဲ၍ ၎င်းတို့၏ ဓာတ်ပုံဟောင်းများ၊ မိသားစုတွင်း စုဆောင်းထားသည့် မှတ်တမ်းမှတ်ရာများ၊ စာများ နှင့် သရုပ်ဖော်ပုံများကို အများပိုင်၊ ပုဂ္ဂလိကပိုင် မော်ကွန်းမှတ်တမ်း အမျိုးမျိုးမှ ရရှိသည့် သမိုင်းအထောက်အထားများနှင့် ပေါင်းစပ်ကာ လူအများမသိမြင်ခဲ့သည့် အတိတ်ကာလကို ပြန်လည်တင်ဆက်ထားခြင်းဖြစ်သည်။

အောက်တိုဘာလထဲတွင် ကနေဒါနိုင်ငံ၌ မြန်မာအသိုင်းအဝိုင်းနှင့် ကျောင်းသားများ၊ မူဝါဒရေးဆွဲသူများနှင့် အများပြည်သူများ တွေ့ဆုံဆွေးနွေးနိုင်မည့်အပြင် မြန်မာနိုင်ငံအကြောင်းကို လည်း မျှဝေဆွေးနွေးရန် အခွင့်အလမ်းများရရှိနိုင်မည့် အခမ်းအနားများ၊ ပြပွဲများကို ကျင်းပသွားရန် ရှိပါသည်။

ထို အခမ်းအနားများ၊ ပြပွဲများကို IDRC ၏ ဒီမိုကရေစီအတွက်အသိပညာ မြန်မာပြည် (K4DM)၊ တိုရွန်တိုတက္ကသိုလ်ရှိ Myanmar Policy and Community Knowledge (MyPack)၊ မြန်မာ့ဒီမိုကရေစီအရေး ကနေဒါလွှတ်တော်မိတ်ဆွေများအဖွဲ့ ( Parliamentary Friends of a Democratic Burma )၊ Myanmar Culture Club၊ လက်ဖက်ရည်ဝိုင်း ( Tea Circle )၊ The Burma Canadian Association of Ontario နှင့် the Rohingya Centre of Canada တို့က ပူးပေါင်း ကျင်းပခြင်းဖြစ်ပါသည်။

တိုရွန်တို၊ ကနေဒါ

အောက်တိုဘာလ ၃ရက်၊ ၂၀၂၄ – Ek Khaale ပြပွဲတင်ဆက်ခြင်းနှင့် University of Toronto ၏ အခမ်းအနား၊ ည ၇ – ၉ နာရီ၊ Hart House၊ Debates Room (2034)။

စာရင်းပေးသွင်းရန် – here

အောက်တိုဘာလ ၄ရက်၊ ၂၀၂၄ – Hart House ဓာတ်ပုံအသင်း၏ အနုပညာဖန်တီးသူ စကားဝိုင်း။

အောက်တိုဘာလ ၃ ၃၁ ရက်၊ ၂၀၂၄ – University of Toronto ရှိ Hart House တွင် ပြသထားမည့် Talking Walls ဓာတ်ပုံပြပွဲ။

အောက်တိုဘာလ ၆ရက်၊ ၂၀၂၄ – University of Toronto ရှိ Hart House တွင် ကျင်းပမည့် “မြန်မာဇာတ်လမ်းများ – စစ်အာဏာရှင်လက်အောက်ရှိ ကိုယ်ပိုင်အမှတ်သညာများနှင့် ပိုင်ဆိုင်မှုများ” စကားဝိုင်း။

တိုရွန်တိုရှိ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းက ၎င်းတို့၏ ဓာတ်ပုံများနှင့် အမှတ်တရဖြစ်ရပ် များကို မျှဝေပေးသွားမည့်ပွဲဖြစ်သည်။

အော်တိုဝါ၊ ကနေဒါ

အောက်တိုဘာ ၇ရက်၊ ၂၀၂၄ – Wellington Building တွင် တင်ဆက်ပြသမည့် ဖန်တီးသူမိတ်ဆက်ပြပွဲ 

Ek Khaale online exhibition ကိုကြည့်ရှုရန်။

ပိုမိုသိရှိလိုပါက myanmar@idrc.ca သို့ ဆက်သွယ်နိုင်ပါသည်။

Exit mobile version