Site icon ဒီမိုကရေစီအတွက် အသိပညာ မြန်မာပြည်

အာဆီယမ်အမျိုးသမီး၊လုံခြုံရေးနှင့်ငြိမ်းချမ်းရေးမူဘောင် နှင့် မြန်မာနိူင်ငံ ဆက်စပ်မှုအားလေ့လာခြင်း

Gender and Development Studies (GDS), Asian Institute of Technology (AIT) မှ ဦးဆောင်ပြီး GEN၊ SEGRI နှင့် K4DM-IDRC တို့မှ ပူးပေါင်းလုပ်ဆောင်သည့် မြန်မာ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး လုပ်ငန်းစဉ်များ၏ စိန်ခေါ်မှုများနှင့် အောင်မြင်မှုများနှင့် သက်ဆိုင်သည့် အကြောင်းအရာများ မျှဝေမည့် ဒုတိယမြောက် GenderLab Talk Series မှ “ အာဆီယမ်အမျိုးသမီး၊လုံခြုံရေးနှင့်ငြိမ်းချမ်းရေးမူဘောင် နှင့် မြန်မာနိူင်ငံ ဆက်စပ်မှုအားလေ့လာခြင်း”  ခေါင်းစဥ်ဖြင့်ဆွေးနွေးတင်ပြမည့်အစီအစဥ်သို့လေးစားစွာဖြင့်ဖိတ်ကြားလိုပါသည်။

အထူးဖိတ်ကြားထားသည့်ဧည့်သည့်တော် ဒေါ်ကေစိုး (Women PeaceMaker Fellow, University of San Diego) မှ မတ်လ ၇ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၉ နာရီမှ ၁၀:၃၀ အထိ ဦးဆောင်တင်ပြ ဆွေးနွေးသွားမည်ဖြစ်ပြီး၊  ဒေါ်စန္ဒာသန့်မှ Moderator အဖြစ်ပါ၀င်အားဖြည့်ကာ မြန်မာဘာသာဖြင့်တင်ဆက်သွားမည်ဖြစ်ပါသည်။ အသေးစိတ်အား ပူးတွဲပါဖိုင်တွင် ကြည့်ရှုနိုင်ပြီး ‌ဖိုင်တွင်ပါရှိိိသော QR code သို့မဟုတ် https://bit.ly/3Ssqlai မှတဆင့် ဤဟောပြောဆွေးနွေးပွဲအပါအ၀င် နောက်ထပ်ပြုလုပ်မည့် ဆွေးနွေးပွဲများအား စာရင်းသွင်းမှတ်ပုံတင်ပြီး  တက်ရောက်ပါရန်ဖိတ်ခေါ်လိုပါသည်။ ဆွေးနွေးပွဲအားဦးဆောင်တင်ပြမည့် ‌ အထူးဖိတ်ကြားထားသည့်ဧည့်သည်တော်၏ ကိုယ်ရေးအကျဉ်း နှင့် ‌တင်ပြမည့် အကြောင်းအရာများ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ပူးတွဲပါဖိုင်များတွင် ‌ဖော်ပြထားပါသည်။ ‌မိမိတို့ ‌ကွန်ရက်အတွင်း၌လည််းပြန်လည်််မျှ‌ဝေပေးနိုင်ရန် မျှော်လင့်ပါသည်။ 

GenderLab နှင့်ပတ်သက်ပြီး နောက်ထပ်ပြုလုပ်မည့်အစီအစဥ်များကို သိရှိနိုင်ရန် အောက်ပါ ပေ့ချေ့်များကို  “ Like & Follow”  လုပ်ထားနိုင်ရန်အတွက်လည်းမျှဝေလိုက်ပါသည်။ 

https://www.facebook.com/AITGenderLab/
https://twitter.com/AITGenderLab
https://www.linkedin.com/company/ait-genderlab
https://genderlab.ait.ac.th

လေးစားစွာဖြင့် 

GenderLab

Exit mobile version