နိဒါန်း
The Knowledge for Democracy Myanmar (K4DM) မှ မြန်မာနိုင်ငံနှင့် နိုင်ငံသားများ ရင်ဆိုင်နေရသောလူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုကိစ္စရပ်များအတွက် အရေးပါသော သုတေသန ပရောဂျက်များအတွက် ဒုတိယအကြိမ်အဆိုပြုချက် တင်သွင်းရန်မြန်မာနိုင်ငံအတွင်းမှ သုတေသီများအား ဖိတ်ကြားအပ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဒစ်ဂျစ်တယ်ကဏ္ဍများကို (အွန်လိုင်းစစ်တမ်းကောက်ယူခြင်းများ၊ အွန်လိုင်းမှ အုပ်စုလိုက်ဆွေးနွေးမှုများစသည်ဖြင့်) အသုံးပြု၍ ဒစ်ဂျစ်တယ်နည်းပညာနှင့် လက်ရှိမူဝါဒရေးရာများ ဆုံစည်းရာတို့ကို သုတေသနပြုသည့်အကြောင်းအရာများအားအထူးစိတ်ဝင်စားပါသည်။ ( ထပ်မံဖော်ပြထားသော အကြောင်းအရာများကိုအောက်တွင် ကြည့်ရှုနိုင်ပါသည်)
- သုတေသနအဆိုပြုချက်အပြည့်အစုံကို ဒီဇင်ဘာလ ၂၉ ရက်နေ့ ၂၀၂၃ နောက်ဆုံးထားပေးပို့ရမည်ဖြစ်သည်။
- သုတေသနအဆိုပြုချက်တစ်ခုစီအတွက် ရန်ပုံငွေသည် CAD 10,000 (ဒေါ်လာ 7,600 ခန့်)
- ယခုအကြိမ်လျှောက်လွှာခေါ်ယူခြင်း ရည်ရွယ်ချက်မှာ သုတေသနအဆိုပြုချက် ၆ စောင်မှ ၈ စောင်အထိလက်ခံရွေးချယ်သွားရန်ဖြစ်သည်။
- Contact: research@k4dm.ca

ရည်ရွယ်ချက်
ဖော်ပြထားသော အဆိုပြုလျှောက်လွှာခေါ်ယူခြင်းသည် ၂ နှစ်တာ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ မူလ (သို့) အခြား လူမှုရေးကိစ္စရပ်များနှင့် သက်ဆိုင်သော သုတေသနပရောဂျက်များနှင့် သုတေသနများကို ရန်ပုံငွေပေးရန်ဖြစ်သည်။ ယခုလျှောက်လွှာခေါ်ယူခြင်းသည် ပရော့ဂျက်၏ဒုတိယအကြိမ်မြောက်ခေါ်ယူခြင်းဖြစ်သည်။ ဤပရောဂျက်သည် လက်ရှိ နိုင်ငံရေးအကျပ်အတည်းတွင် မြန်မာ့ သုတေသန ယဉ်ကျေးမှုပျောက်ကွယ်သွားမည့် အန္တရာယ်မှ ကာကွယ် ပံ့ပိုးကူညီရန် ရေးဆွဲထားခြင်းဖြစ်သည်။ LGBTQIA++၊ အမျိုးသမီးများ၊ ဘာသာရေးကဏ္ဍနှင့်တိုင်းရင်းသားလူနည်းစုများအပြင်၊ အခြားသောလူနည်းစုများနှင့်ပတ်သက်သောသုတေသနများကိုလေ့လာဖို့အလွန်လိုအပ်သောအချိန်ဖြစ်သည်ဟုလည်း ကျွန်ုပ်တို့ယူဆသည်။ အဆိုပြုချက်လျှောက်လွှာတင်သွင်းသည့် သုတေသီများသည် တစ်ဦးချင်း သို့မဟုတ် အဖွဲ့များအတွင်း လုပ်ဆောင်နိုင်သည်။ လူငယ်များ၊ အတွေ့အကြုံမလုံလောက်သေးသော သုတေသီများလည်း ပါဝင်လျှောက်ထားနိုင်ပြီး၊ လိုအပ်ပါက သုတေသန နည်းစနစ်များအား လေ့ကျင့်သင်ကြားပေးမည် ဖြစ်သောကြောင့်သုတေသီများအားလုံးကို လျှောက်ထားရန် တိုက်တွန်းအပ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် အန္တရာယ်ကျရောက်နိုင်ခြေရှိသော အသိုက်အဝန်းများမှ လူငယ်သုတေသီများနှင့် လူနည်းစုအဖွဲ့အစည်းများအတွက် သင်ကြားရေးနှင့် စွမ်းရည်ပံ့ပိုးမှုတို့ ပါဝင်မည့် သုတေသနပရောဂျက်များကို ပိုမိုစိတ်ဝင်စားသည်။ ထောက်ပံ့ငွေရရှိသည့် သုတေသနပရောဂျက် တစ်ခုစီတိုင်းသည် သုတေသနလုပ်ငန်းများကို စတင်ခြင်း မပြုမီ ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာသင်တန်းကိုတက်ရောက်ရမည်ဖြစ်သည်။
ရန်ပုံငွေရရှိနိုင်မည့် သုတေသန အကြောင်းအရာများ
ရွေးချယ်အကဲဖြတ်မည့် K4DM အဖွဲ့သည် ထိပ်တန်းပညာရေးအဖွဲ့အစည်းမှ ကျွမ်းကျင်သူများပါဝင်ပြီး၊ ၄င်းတို့မှ သုတေသနအဆိုပြုချက် ၆ စောင်အထိရွေးချယ်ပြီး ရန်ပုံငွေ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
သုတေသန ခေါင်းစဉ်များသည် မြန်မာနိုင်ငံတွင် တိုးတက်ပြောင်းလဲနေသော ဒစ်ဂျစ်တယ်အခင်းအကျင်းကို လွှမ်းခြုံနိုင်ခြင်း၊ ဒစ်ဂျစ်တယ်နယ်ပယ်အပေါ် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောအကျိုးသက်ရောက်မှုနှင့် မြန်မာနိုင်ငံ၏လက်ရှိစိန်ခေါ်မှုများနှင့် ပြဿနာများကို ဦးတည်အဖြေရှာလိုသည့်ခေါင်းစဉ်များဖြစ်ရပါမည်။
လျှောက်ထားသူများအနေဖြင် မြန်မာ့လူမှု-နိုင်ငံရေးပြဿနာများကို အသိပညာပေးနိုင်ပြီး တိုက်ရိုက်ပံ့ပိုးပေးနိုင်သည့် အကြောင်းအရာများ နှင့်/သို့မဟုတ် ပညာရေးဆိုင်ရာ ဖြန့်ဝေမှု၊ ပင်မမီဒီယာအင်တာဗျူးများ၊ လုပ်ဆောင်ချက်မူဘောင်စသည့် ပရိုဂရမ်ဆိုင်ရာ ကြားဝင်ဆောင်ရွက်ပေးမှုများကို K4DM သုတေသနအကဲဖြတ်အဖွဲ့က အထူးစိတ်ဝင်စားကြောင်းသတိပြုရမည်ဖြစ်သည်။ K4DM သည် ခိုင်မာသောအထောက်အထားကို အခြေခံသည့်သုတေသနစာတမ်းမျိုးရည်ရွယ်တင်ပြစေလိုသော်လည်း၊ သီအိုရီသက်သက် အကြောင်းအရာများ သို့မဟုတ် ပညာရပ်ဆိုင်ရာ စာတမ်းများကဲ့သို့သော သုတေသနများကို ပံ့ပိုးပေးမည်မဟုတ်ပါ။
အရေအတွက်နှင့် ထောက်ပံ့ကြေးပမာဏ
ချီးမြှင့်သော သုတေသနထောက်ပံ့ကြေး အရေအတွက် အတိအကျသည် သုတေသနအဆိုပြုချက်များနှင့် လက်ရှိ ရန်ပုံငွေပမာဏ အပေါ်တွင် မူတည်မည်ဖြစ်သည်။ ယခုအကြိမ်လျှောက်လွှာခေါ်ယူခြင်း ရည်ရွယ်ချက်မှာ သုတေသနအဆိုပြုချက် ၆ စောင်မှ ၈ စောင်အထိလက်ခံရွေးချယ်သွားရန်ဖြစ်သည်။
ဆိုပြုချက်အတွက် လိုအပ်ချက်များ
စိတ်ပါဝင်စားသော သုတေသီများ အနေဖြင့် သုတေသနအဆိုပြုချက်ပုံစံအား ရယူရန် အတွက် လင့်ခ်အား အောက်ပါအီးမေးလ်မှ တစ်ဆင့် K4DM သို့ ဆက်သွယ်နိုင်သည်။ ဖော်ပြပါ ပုံစံကို အသုံးပြု၍တင်ပြထားသော အဆိုပြုချက်များကိုသာ ထည့်သွင်းစဉ်းစားပါမည်။ သုတေသနအဆိုပြုချက်တစ်ခုစီအတွက် ရန်ပုံငွေသည် CAD 10,000 (ဒေါ်လာ 7,600 ခန့်) ထက်မပိုသင့်ပါ။ သို့သော် CAD 10,000 အထက်ရှိသော သုတေသန အဆိုပြုချက်များကို ကျယ်ပြန့်သော ကွင်းဆင်းလေ့လာမှုများ (သို့) အခြားများပြားသင့်လျော်သော သုတေသန ကုန်ကျစရိတ်များ အသုံးပြုရန်လိုအပ်သည့် ခိုင်မာသောအကြောင်းအရင်းများရှိမှသာ ထည့်သွင်းစဉ်းစားမည်ဖြစ်ပါသည်။
လျှောက်ထားရန် လိုအပ်သော အချက်အလက်များ
စိတ်ပါဝင်စားသော သုတေသီများအနေဖြင့် သုတေသနအဆိုပြုချက်ပုံစံ (သို့) Google Form link ကို research@k4dm.ca သို့ အီးမေးလ်ပို့တောင်းဆိုရမည်။
အကဲဖြတ်ဖွဲ့ သည် တင်ပြချက်များအားလုံး၏ အားသာချက်များ၊ ဆက်စပ်မှုရှိခြင်း၊ အချိန်နှင့်တပြေးညီဖြစ်သော လူမှုရေးအစီအစဉ်များ (သို့) မူဝါဒဆိုင်ရာ အကြောင်းအရာများနှင့် ချိတ်ဆက်မှု တင်ပြမှုများ အစရှိသော အချက်များကိုသာ စဉ်းစားရွေးချယ်မည်ဖြစ်သည်။ သုတေသနအဆိုပြုချက်အပြည့်အစုံကို ဒီဇင်ဘာလ ၂၉ ရက်နေ့ ၂၀၂၃ နောက်ဆုံးထားပေးပို့ရမည်ဖြစ်သည်။ ရွေးချယ်ခံရသောသုတေသီများကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ၂၀၂၄ မတိုင်မီ ပြန်လည်ဆက်သွယ် အကြောင်းကြားမည်ဖြစ်သည်။
သုတေသနအပြီးကာလတွင် ဆက်သွယ်ပြောဆိုမှု
တင်ပြထားသော သုတေသနအဆိုပြုချက်များတွင် သုတေသနအပြီးနောက်ပိုင်းအတွက် ဆက်သွယ်မှုအစီအစဉ်တစ်ခု ပါဝင်ရမည် ဖြစ်သည်။ ယခုသုတေသနအကြောင်းအရာသည် သုတေသီများနှင့်သုတေသနအဖွဲ့များအား မိမိတို့၏ သုတေသနကို အများပြည်သူသိရှိဖို့ရာ ဆွေးနွေးတင်ပြနိုင်ရန်ရည်ရွယ်ထားသည်။ သို့သော် အမည်ဝှက်ထားရန် လိုအပ်ပါက၊ တခြားသော မတူညီသည့် စာတမ်းမျှဝေခြင်းအစီအစဥ်များအား ထည့်သွင်း စဉ်းစားပေးမည် ဖြစ်သည်။ နိုင်ငံတကာ ဆွေးနွေးပွဲများသို့တတ်ရောက်ရန် ခရီးသွားခြင်းကို ဤသုတေသနလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်း အဖြစ် တိုက်ရိုက်ရန်ပုံငွေပေးအပ်မည်မဟုတ်ပါ။ သို့သော် နိုင်ငံတကာ (သို့) ဒေသဆိုင်ရာ မူဝါဒနှင့် ပညာရပ်ဆိုင်ရာညီလာခံများတွင်မူ မြန်မာနိုင်ငံ ပါဝင်မှုကို မြှင့်တင်ရန်အတွက်လိုအပ်ပါက ရန်ပုံငွေထောက်ပံ့သူများသည် ရွေးချယ်ခံရသော သုတေသီများနှင့် လက်တွဲဆောင်ရွက်မည် ဖြစ်ပါသည်။
မြန်မာ့ဒီမိုကရေစီ အသိပညာ (K4DM) အကြောင်း
မြန်မာ့ဒီမိုကရေစီ အသိပညာ Knowledge for Democracy Myanmar (K4DM) အား IDRC နှင့် Global Affairs Canada တို့မှ ရန်ပုံငွေပံ့ပိုးပေးထားပြီး နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။ K4DM သည် မြန်မာနိုင်ငံအတွင်းမှ ပူးပေါင်းပါဝင်မှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ ကျားမတန်းတူ သာတူညီမျှမှု၊၊ မတူကွဲပြားမှုများအား လေးစားလက်ခံမှု နှင့် နိုင်ငံ၏ စည်ပင်သာယာဝပြောရေးကို မြှင့်တင်ရန်အတွက် မျိုးဆက်သစ်လူငယ်များအား ပြုစုပျိုးထောင်ပေးသောအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ထို့အပြင် အွန်လိုင်းသင်တန်းများ၊ ပညာသင်ဆုများနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာ သုတေသနပြုမှုများကိုလေ့လာနေသောအုပ်စုများဖြစ်သည့် ကျောင်းသားများ၊ မြန်မာနိုင်ငံပြင်ပရှိရွှေ့ပြောင်းနေထိုင်သောသုတေသီများ၊ နှင့် နိုင်ငံပြင်ပရှိ သုတေသန အဖွဲ့အစည်းများကို ပံ့ပိုးပေးသည့်အဖွဲ့အစည်းဖြစ်သည်။
k4dm.ca/