Part of the Mote Oo’s Life and Learning Skills Resources
သုတေသန နည်းလမ်းများ – လူမှုသုတေသီများအတွက် သုတေသနကျွမ်းကျင်မှုများမိတ်ဆက်
(Research Skills – Introductory Skills for Social Researchers)
Authors: Morgan Macdonald, Aung Zaw Myo
သုတေသန နည်းလမ်းများ စာအုပ်သည် အရွယ်ရောက်ပြီးသား သင်ယူလေ့လာသူများအတွက် သင်ရိုးတစ်ခုဖြစ်ပါသည်။ ၎င်းစာအုပ်တွင် လူမှုသုတေသန စီမံကိန်းတစ်ခုကို လုပ်ဆောင်ရန်အတွက် လိုအပ်သော ဗဟုသုတများနှင့် ကျွမ်းကျင်မှုများကို မိတ်ဆက်ပေးထားပါသည်။ ၎င်းစာအုပ်သည် အခြေခံသုတေသန ကျွမ်းကျင်မှုများနှင့် သဘောတရားများကို စတင်လေ့လာလိုသည့် အထက်တန်းလွန်နှင့် တက္ကသိုလ်ကျောင်းသားများအတွက် အထူးသင့်လျော်ပါသည်။ သုတေသန နည်းလမ်းများ စာအုပ်ထဲရှိ အခန်းတစ်ခန်းစီတိုင်းတွင် နားလည်ရလွယ်ကူသော ရှင်းပြချက်များ၊ နည်းလည်မှုကို စစ်ဆေးရန် လေ့ကျင့်ခန်းများနှင့် တတ်ကျွမ်းမှုများကို လက်တွေ့ကျသော လုပ်ငန်းများတွင် အသုံးပြုနိုင်မည့် အခွင့်အလမ်းများကို ပံ့ပိုးဖော်ပြပေးထားပါသည်။
စာအုပ်၏ဖွဲ့စည်းပုံကို သုတေသန လုပ်ငန်းစဉ်အတိုင်း လိုက်နာရေးသားထားပြီး စဦးအခန်းများတွင် အဓိကသုတေသနသဘောတရားများနှင့် ဒေတာကောက်ယူခြင်း နည်းလမ်းများကို မိတ်ဆက်ပေးထားပါသည်။ နောက်ပိုင်းအခန်းများတွင် ခွဲခြမ်းစီစစ်ချက်နှင့် သုတေတန တွေ့ရှိချက်များအား ဆက်သွယ်ဖလှယ်မျှဝေခြင်းတို့ကို မိတ်ဆက်ပေးထားပါသည်။

စာအုပ်ထဲတွင် ကျောင်းသားများ၏ သုတေသန စီမံကိန်းများနှင့် ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန စီမံကိန်းများကို လမ်းညွှန်ပေးရန်အတွက် သင်ကြားပို့ချသူများက အသုံးပြုနိုင်သည့် အဆင့်လိုက်ညွှန်ကြားချက်များ ပါဝင်သည်။ သုတေသန နည်းလမ်းများ ဆရာလက်စွဲစာအုပ်တွင် ကျောင်းသားလက်စွဲစာအုပ်ထဲရှိ လေ့ကျင့်ခန်းများနှင့် လုပ်ငန်းများအတွက် အဖြေများကို ဖော်ပြထားရုံသာမက ဆရာများအတွက် သင်ကြားပေးနေသည့် ကျွမ်းကျင်မှုများဆိုင်ရာ နောက်ခံအကြောင်းအရာများနှင့် စာသင်ခန်းအတွင်း သင်ခန်းစားများကို သင်ကြားခြင်းဆိုင်ရာ အကြံပြုချက်များကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ ထို့အတူ ဆရာလက်စွဲစာအုပ်တွင် ရွေးချယ်နိုင်ည့် အပိုဆောင်း လုပ်ငန်းများကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။
Download PDF copies of books
Downloads for the Teacher and Student Book in both English and Myanmar available on Mote Oo’s Life and Learning Skills Resources web page. and the links below.
Download English:
Download Myanmar:
The Myanmar translation was supported by the first phase of the IDRC’s Knowledge for Democracy Myanmar (K4DM) initiative.