မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ နောက်ဆုံးဆယ်စုနှစ်များအတွင်း အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် အရေအတွက် တိုးလာသော်လည်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှု မတိုင်မီ  ရွေးကောက်ပွဲတွင် အမျိုးသမီးလွှတ်တော်အမတ် ၁၅%ခန့်ရှိပြီး ထိုပမာဏသည် အလွန်နည်းနေသေးသည့် အခြေအနေတွင် ရှိနေဆဲဖြစ်ပါသည်။ ဤစာတမ်းသည် အမျိုးသမီး လွှတ်တော်အမတ်များ၏ ဘဝတစ်လျှောက် တွေ့ကြုံခဲ့ရသော အတားအဆီးများနှင့် အခွင့်အလမ်းများကို သိရှိနိုင်ရန် နိုင်ငံရေးလမ်းစဉ် သဘောတရားကို အသုံးပြုထားပါသည်။ အသေးစိတ်တွေ့ဆုံမေးမြန်းမှုများကို ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသော အမျိုးသမီးလွှတ်တော်အမတ် ၂၀ဦးနှင့် အမျိုးသား လွှတ်တော်အမတ် ၁၀ဦးတို့နှင့်အတူ ၂၀၂၂ခုနှစ်အစောပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ရလဒ်များအရ အမျိုးသမီးများသည် မတူညီသည့် အခွင့်အလမ်းများနှင့် အတားအဆီးများကို မိဘ၏လွှမ်းမိုးမှုများသော လူမှု့ဆက်ဆံရေးအခြေအနေ၊ နိုင်ငံ၏ အကျပ်အတည်းအတွေ့အကြုံ၊ စိတ်ဝင်စားမှု နယ်ပယ်တူကွန်ရက်များကို လက်လှမ်းမှီမှု ၊ ရရှိထားသည့် ကျွမ်းကျင်မှု နယ်ပယ်အတွေ့အကြုံများ၊ မိသားစုပံ့ပိုးခံရမှုများ၊ ပါတီစုဆောင်းရေးနှင့် ပါတီတွင်းနိုင်ငံရေး လိုအပ်ချက်တွန်းအားများအပေါ် မူတည်၍ ကြုံတွေ့ရလေ့ရှိပြီး အမျိုးသားများနှင့် မတူခြားနားသော လမ်းကြောင်းကို ရွေးချယ်လေ့ရှိကြောင်း  တွေ့ရှိရပါသည်။ ထို့ကြောင့် အမျိုးသမီးများအတွက် ရရှိနိုင်သော အရင်းအမြစ်များနှင့် အထောက်အပံ့များ တိုးမြှင့်ရေးနှင့် နိုင်ငံရေး ပါတီများမှ ခွဲခြားဆက်ဆံမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လိုအပ်ကြောင်း တွေ့ရှိချက်များက အကြံပြုထားပါသည်။

Pathways to Politics for Women Parliamentarians in Myanmar
Philippe Doneys, Kyoko Kusakabe, Joyee Shairee Chatterjee, Soe Myat Tun, Khin Cho Myint, and Franque Grimard
Journal of Asian and African Studies
First published online January 12, 2023

The Full Article is available under Open Access
https://journals.sagepub.com/doi/10.1177/00219096221144686